SJ WorldNews - шаблон joomla Авто

အာရှဒေသအတွင်း အမေရိကန်စစ်သင်္ဘောများ ခုတ်မောင်းနေမှုကြောင့် ရေကြောင်းအန္တ ရာယ် များ ပိုမိုဖြစ်ပွားလာဟုတရုတ်ဆို

Wednesday, 23 August 2017 09:46 font size decrease font size decrease font size increase font size increase font size

ပေကျင်း   သြဂုတ်  ၂၂ 

အမေရိကန်အစိုးရသည် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ရာတွင် အကူ အညီ ပေးအပ်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသော်လည်း သြဂုတ် ၂၁ ရက်

အစောပိုင်း တွင်ဖြစ်ပွားသော သင်္ဘောနှစ်စင်း တိုက်မိခြင်းကို ကြည့်ခြင်းအားဖြင့် အာရှဒေသအတွင်း ၎င်းတို့၏ သင်္ဘောများ ခုတ်မောင်း နေမှုကြောင့် ရေကြောင်းအန္တရာယ်များ ပိုမို ဖြစ်ပွားလာ သည် ကို ပြသနေကြောင်း တရုတ် နိုင်ငံပိုင်   သတင်းစာတစ်စောင်ဖြစ်သည့် China  Daily  သတင်းစာက  ဖော်ပြထားသည်။

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော ဂျွန် အက်(စ်)မက်ကိန်းသည် မလက္ကာရေလက် ကြား အနီး၌ ဒေသစံတော်ချိန် နံနက် ၅ နာရီ  ၂၄ မိနစ်တွင် လိုက်ဘေးရီးယားအလံလွှင့်ထူ ထားသော ရေနံတင်သင်္ဘော အယ်နစ်အမ်စီ နှင့်တိုက်မိပြီးနောက် ဖျက်သင်္ဘော၏ဝဲဘက် ခြမ်းမှာ ပျက်စီးသွားပြီး ရေတပ်သားငါးဦး ဒဏ်ရာရရှိကာ  ၁ဝ  ဦးပျောက်ဆုံးသွား

ကြောင်း သိရသည်။

အဆိုပါမတော်တဆမှုသည်  ယခုနှစ် အတွင်း အမေရိကန်၏ ပစိဖိတ်ရေယာဉ်စု၌ စတုတ္ထ မြောက် မတော်တဆမှုကြီးဖြစ်သည်။ ယင်းမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ရေ ယာဉ်များ ဘေးကင်းလုံခြုံရေး အတွက် အမေရိကန်ရေတပ်က    ၎င်းတို့၏စစ်ဆင်ရေးလုပ်ငန်းများကို ရပ်တန့်ရန်စီစဉ်ထားသည်။

တရုတ်အစိုးရသည် အငြင်းပွားတောင် တရုတ်ပင်လယ်အတွင်းရှိ ၎င်းတို့ထိန်းချုပ် ထားသော ကျွန်းများအနီးတွင် အမေရိကန် သင်္ဘောများက လွတ်လပ်စွာရေကြောင်းသွား လာ ခွင့် ကို အသုံးချ၍ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို လွန်စွာစိတ်ပျက်လျက်ရှိသည်။

အာရှရေပိုင်နက်အတွင်း အမေရိကန်ရေ တပ်ကြောင့် အန္တရာယ်များတွေ့ကြုံနေရစဉ်တွင် တရုတ်က တောင်တရုတ်ပင်လယ်အတွက် ကျင့်ဝတ်စည်းမျဉ်းများကို အရှေ့တောင် အာရှ နိုင်ငံများနှင့် အတူ ရေးဆွဲနိုင်ရန် စီစဉ်လျက်ရှိပြီး ရေကြောင်းလုံခြုံရေး အတွက် ကျွန်းများတွင် မီးပြတိုက် ငါးခုဆောက်လုပ်နိုင်ရေး  ကြိုးပမ်းလျက်ရှိကြောင်း  China  Daily  သတင်းစာ၏   အယ်ဒီ တာ့ အာဘော်တွင် ဖော်ပြထားသည်။         

Read 377 times Last modified on Wednesday, 23 August 2017 09:49