SJ WorldNews - шаблон joomla Авто

နျူကလီးယားထိပ်ဖူး ၂၄ လုံးကို သယ်ဆောင်နိုင်ပြီး အသံထက်မြန်သည့် ကိုယ်ပျောက် တိုက်ချင်းပစ် ဒုံးကျည်သစ် တစ်စင်းကို ရုရှားစမ်းသပ်

Sunday, 01 April 2018 12:59 font size decrease font size decrease font size increase font size increase font size

လန်ဒန် မတ် ၃၁

ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူး ၂၄ လုံးကို သယ်ဆောင်နိုင်ပြီး ရေဒါမှ ဖမ်းယူနိုင်ခြင်း မရှိသည့် အသံထက်မြန် ကိုယ်ပျောက် တိုက်ချင်းပစ်ဒုံးကျည်သစ် တစ်စင်းကို စမ်းသပ်ပစ်ခတ်လိုက်ကြောင်း ဗြိတိန် သတင်းစာကြီး တစ်စောင်ကဖော်ပြသည်။ Sarmat ဟု အမည်ပေးထားသည့် အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်သစ်သည် အသံထက် အဆပေါင်း ၂ဝ ခန့် ပိုမိုမြန်ဆန်သောကြောင့် ရေဒါများ အနေဖြင့် ယင်းဒုံးကျည် အား ရှာဖွေ ထောက်လှမ်းနိုင်ရန် အခက်အခဲ နှင့် ကြုံတွေ့နိုင်ဖွယ် ရှိသည်။ ရုရှားအစိုးရ သည် အဆိုပါ ဒုံးကျည်အား နိုင်ငံမြောက်ပိုင်းရှိ ပလက်စက်ဒုံးကျည် လွှတ်တင်စမ်းသပ်ရေး စခန်း၏ မြေအောက်ခန်းမှ စမ်းသပ်ပစ်ခတ်ခြင်း ဖြစ်ပြီး ဒုံးကျည်အား စမ်းသပ်ပစ်ခတ်လိုက်သည့် ၂၃ စက္ကန့်ကြာ ဗီဒီယိုပြကွက်ကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြသခဲ့ကြောင်း သတင်းစာတွင် မတ် ၃ဝရက်ကဖော်ပြသည်။

ရုရှားအစိုးရသည် အဆိုပါ တိုက်ချင်းပစ် ဒုံးကျည်သစ်အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ပထမဆုံးအကြိမ် အဖြစ် စမ်းသပ်ပစ်ခတ်ခြင်း ကြောင့် ယခုတစ်ကြိမ် လုပ်ဆောင်သည့် စမ်းသပ်မှုသည် ဒုတိယအကြိမ်မြောက် စမ်းသပ်ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။ Sarmat ဒုံးကျည်သည် ရုရှား၏ နောက်ဆုံးပေါ် နျူကလီးယားထိပ်ဖူး ၂၄ လုံးကိုသယ် ဆောင်နိုင်ပြီး လက်နက်ကိုင် တပ်များတွင် ၂ဝ၂၁ ခုနှစ်ခန့်တွင် စတင် အသုံးပြုရန် စီစဉ်ထားသည်။ အဆိုပါ တိုက်ချင်းပစ် ဒုံးကျည်အား ကြားဖြတ်ဟန့်တားရန်အတွက် အမေရိကန် ကြားဖြတ်ဟန့်တားရေး ပဲ့ထိန်းဒုံးကျည် အနည်းဆုံး အစင်း ၅ဝဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း ရုရှားအထက်လွှတ်တော်ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီဥက္ကဋ္ဌ ဗစ်တာဘွန်ဒါရက်က ပြောကြားထားကြောင်း သိရသည်။

Ref: Mailonline

Read 267 times Last modified on Sunday, 01 April 2018 13:00