SJ WorldNews - шаблон joomla Авто

ဆော်ဒီအာရေဗျက တည်ဆောက်နေသည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည့် ဆိုလာ စွမ်းအင် စက်ရုံကြီး

Sunday, 01 April 2018 13:06 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သည့် နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်လာမည့် ဆိုလာ စွမ်းအင်စက်ရုံကြီး ကို တည်ဆောက်လျက်ရှိသည်။ ဆော်ဒီအစိုးရသည် ရေနံအပေါ်

အမှီသဟဲ ပြုနေရခြင်းကို ၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် လျှော့ချ နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဒေါ်လာဘီလီယံပေါင်း များစွာ တန်ဖိုးရှိသည့် အဆိုပါ စီမံကိန်းကြီးကို ဂျပန်နိုင်ငံမှ SoftBank နှင့်ပူးပေါင်း ၍ တည်ဆောက်မည်ဖြစ်သည်။ စွမ်းအင်၂ဝဝ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည့် ယင်းစက်ရုံ တည်ဆောက်ရေး သဘောတူညီချက်ကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်နှင့် SoftBank မှ အမှုဆောင်အရာရှိချုပ် မက်ဆာယိုရှီဆန်တို့က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင်အကြီးဆုံး ဖြစ်လာမည့် အဆိုပါ ဆိုလာစွမ်းအင်စက်ရုံကြီးကို ဒေါ်လာ ၂ဝဝ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည်ဖြစ်ပြီး ဆော်ဒီအစိုးရက နိုင်ငံနှင့် လူမှုအဖွဲ့ အစည်းများ၏ စီးပွားရေးကို အဆင်မြှင့်တင်ရေး ရည်ရွယ်ချက်၏ တစ်စိတ်တစ်ဒေသ အဖြစ် အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သည်။ ဆိုလာစွမ်းအင် စက်ရုံစီမံကိန်းကြီးသည် လာမည့် ၂ဝ၁၉ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၇ ဒသမ၂ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောငှ်း SoftBank နှင့် ဆော်ဒီအစိုးရက ထုတ်ပြန်ထားသည်။ ထို့ပြင် ယင်းစီမံကိန်းကြီးသည် အလုပ်အကိုင်ပေါင်း ၁ဝဝဝဝဝ ခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရုပ်ကြွင်းလောင်စာအပေါ် အမှီသဟဲပြုခြင်းကိုပါ လျှော့ချပေးနိုင်မည်ဖြစ်သည်။ ယခုတည်ဆောက်မည့် ဆိုလာစွမ်းအင် စက်ရုံကြီးပြီးစီးသွားပါက ဆော်ဒီအာရေဗျ အနေဖြင့် ပြည်ပနိုင်ငံများသို့ ရေနံတင်ပို့ရာမှ ရရှိသော ဘဏ္ဍာငွေပမာဏမှာ ဒေါ်လာ ၇ ဘီလီယံမှ ၂ဝ ဘီလီယံအထိ မြင့်တက်လာမည် ဖြစ်သည်။

Ref: Sputnik

 

Read 264 times Last modified on Sunday, 01 April 2018 13:07