SJ WorldNews - шаблон joomla Авто

အစ္စရေး- ပါလက်စတိုင်းအရေးတွင် ပါဝင်ရန် အသင့် ပြင်ဆင်လာသည့် ရုရှား

Sunday, 01 April 2018 13:42 font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်းရှိ အစ္စရေးနှင့်ဂါဇာ ကမ်းမြောင်ဒေသနယ်စပ်တစ်လျှောက်၌ ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များကြား အဓိကရုဏ်း များဖြစ်ပွားပြီးနောက် နှစ်ဖက်စလုံးမှ ခေါင်း ဆောင်များကြား ထိပ်သီးဆွေးနွေးပွဲ

တစ်ရပ်ကို ကျင်းပရန် ရုရှားက အသင့်ရှိနေသည်ဟု လူသိရှင်ကြား ပြောဆိုလိုက်ခြင်း သည် မပြီးဆုံးသေးဘဲ ကာလရှည်ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ရုရှားကဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည့် အလားအလာများ ထွက်ပေါ်လာစေခဲ့သည်။

အစ္စရေးနယ်စပ်တစ်လျှောက်၌ မတ် ၃ဝ ရက်က ဖြစ်ပွားခဲ့သည့် အစုလိုက် ဆန္ဒပြပွဲများသည် တစ်လကြာမြင့်မည်ဟုယူဆရပြီး ဆန္ဒပြပွဲအတွင်းဖြစ်ပွားခဲ့သော အဓိကရုဏ်း များကြောင့် ပါလက်စတိုင်းပြည်သူ ၁၂ ဦး သေဆုံးသွားသည်။ ဆန္ဒပြပွဲအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းမှု အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို မတ် ၃၁ ရက် တွင် ကျင်းပကြရန် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်က အမိန့်ထုတ်ပြန်လိုက်ပြီး အဆိုပါ သတ်ဖြတ်မှုများနှင စပ်လျဉ်း၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်က စိုးရိမ်မကင်း ဖြစ်လျက်ရှိနေသည့် လူသေဆုံးမှုများအား ဖော်ထုတ်ရန် ဘက်လိုက်မှု မရှိသည့် သီးခြားစုံစမ်း စစ်ဆေးမှု တစ်ရပ် လုပ်ဆောင်ရေး မတ် ၃ဝ ရက်က တောင်းဆိုထားသည်။

အဆိုပါဆန္ဒပြပွဲအတွင်း ပါလက်စတိုင်းပြည်သူများ သေဆုံးရခြင်းသည် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား နဂိုရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည် ဟုဆိုနိုင်သည်။ ပါလက်စတိုင်းတို့သည် ၁၉၇၆ ခုနှစ်အတွင်းက အစ္စရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းခြောက်ဦး သေဆုံးခဲ့သည့် အထိမ်းအမှတ်အဖြစ် The Great Return March ဟု အမည်ပေးထားသော ဆန္ဒပြပွဲများကို ကျင်းပခြင်းဖြစ်သည်။

ထို့ပြင် ပါလက်စတိုင်းပြည်သူများသည် မေ ၁၅ ရက်တွင်လည်း နက်ခဘာဟု အမည် ပေးထားသည့် နှစ်ပတ်လည် အခမ်းအနားတစ်ရပ် ထပ်မံကျင်းပရန် စီစဉ်ထားသည်။ ယင်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံက လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကြေညာပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာနှင့် ၎င်းတို့မှ ဆင်းသက်မွေးဖွားလာသူအားလုံးတို့မှာ ဒုက္ခသည်များဖြစ်သွားရခြင်းကို ပါလက်စတိုင်း က အမှတ်ရစေရန် ဆန္ဒပြပွဲများကို ကျင်းပခြင်းဖြစ်သည်။

ထို့ကြောင့် ပါလက်စတိုင်းနှင့် အစ္စရေး တို့ကြားရှိ မကျေနပ်မှုများမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ် ရှိသောကြောင့် နှစ်ဖက်စလုံးမှ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပေးရန် ရုရှားက ကုလသမဂ္ဂသို့ လူသိရှင် ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းသို့ ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ရာတွင်လည်း ရုရှားအနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် အာရပ်ငြိမ်းချမ်းရေး ကနဦးဆောင်ရွက်မှု အဖွဲ့ကြီးတို့က ချမှတ်ထားသည့် ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ဆောင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။

ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင် ဖျန်ဖြေရန် ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုကြောင့် စစ်ရေးအရဝင်ရောက်ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ရေးအရ လွှမ်းမိုးမှု ချဲ့ထွင်လာခဲ့သည့် ရုရှားသည် ယခုအခါ အမေရိကန် သမ္မတ အဆက်ဆက်က အဓိက အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်ခဲ့သော ပါလက်စတိုင်း-အစ္စရေးတွင်လည်း ကမကထ လုပ်ဆောင်ရန် ကြိုးပမ်းလာသော ကြောင့် အကယ်၍ ရုရှားအစိုးရကသာ အဆိုပါအစီအစဉ်ကို လက်တွေ့အကောင် အထည်ဖော်နိုင်မည်ဆိုပါက ရုရှား၏ နိုင်ငံရေးအရ လွှမ်းမိုးမှုသည် ယင်းဒေသ အတွင်း ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

Read 262 times Last modified on Sunday, 01 April 2018 13:44