SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မာရာဝီဒေသခံတို့၏ နာကျင်မှုများနှင့် အိမ်အပြန်ခရီး

Monday, 02 April 2018 09:19 font size decrease font size decrease font size increase font size increase font size

မိမိတို့နေအိမ်များကို တစ်နှစ်နီးပါးကြာ စွန့်ခွာကာ အကြမ်းဖက်သမားများ၏ ရန်ပြုတိုက်ခိုက်မှုမှ ပုန်းရှောင်ခဲ့ရ သည့် ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှဒေသခံများသည် ဧပြီ ၁ ရက်တွင် ၎င်းတို့၏ နေအိမ် များသို့ ပထမဆုံး အကြိမ်အဖြစ် ပြန်လာခွင့်ရရှိပြီဖြစ်သည်။

တစ်ချိန်က နေချင်စဖွယ်အတိဖြင့်ပြည့်စုံခဲ့သော ၎င်းတို့၏နေအိမ်များမှာ ယခုအခါ အပျက်အစီးများနှင့် ပြည့်နှက်နေသည့် အုတ်ပုံသာသာ အနေအထားသာရှိတော့သည်။ IS စစ်သွေးကြွ အဖွဲ့ကို သစ္စာခံသည့် မော့စစ်သွေးကြွအဖွဲ့က ၂ဝ၁၇ ခုနှစ် မေလတွင် မာရာဝီမြို့ကို သိမ်းပိုက်ရန်စတင်ကြိုးပမ်းခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသော ဘတစ်ပြန်ကျား တစ်ပြန် တိုက်ပွဲများကြောင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင်တည်ရှိသော မာရာဝီမြို့မှာ ကျည်ဆန်၊ ဗုံးဆန်၊ အမြောက်ဆန်များ အောက်တွင် တစ်စစီ ပျက်စီးခဲ့ရသည်။ ထိုတိုက်ပွဲများအတွင်း စစ် ဘက်တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်သမားများနှင့် အပြစ်မဲ့ပြည်သူ များအပါအဝင် လူပေါင်း ၁၂ဝဝ ခန့်သေဆုံးခဲ့သည်။

မာရာဝီမြို့ကိုပြန်လာခွင့်ရသော ဒေသခံအချို့က မိမိတို့၏ နေအိမ်နေရာများကို ကြည့်ကာငိုကြွေးကြပြီး အပျက်အစီးများအောက်ရှိ လောင်ကျွမ်းနေသော ပရိဘောဂပစ္စည်းများနှင့် ကျိုးပဲ့နေသော ကလေးကစား စရာ အရုပ်များကိုတူးဖော်ကာ ပြန်လည်ရယူကြသည်။ တချို့ဆိုလျှင် စစ်ပွဲအတွင်းက မပေါက်ကွဲသေးသည့် ဗုံးများကိုပင်တွေ့ရှိကြသည်။

ထိုဒေသခံများအနက်မှ အသက် ၄၄ နှစ် ရှိပြီဖြစ်သည့် ဆမ်ဆီဒါမန်းကောဆိုသူ အမျိုးသမီးက ၎င်း၏ သတို့သမီးဝတ်စုံ အရောင်းဆိုင်ကိုကြည့်ကာ ဝမ်းနည်းငိုကြွေးနေပြီး ဆိုင်နံရံတစ်ခုပေါ်မှာလည်း '' I Love ISIS''ဟူသောစာသားကို ဆေးရောင်ခြယ်စပရေးဘူးဖြင့် ဖျန်းပက်ရေးသားထားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်ကသတို့သမီးဝတ်စုံများ ငှားရမ်းခဲ့သည့် ကလေးသုံးယောက် အမေ ဆိုင်ပိုင်ရှင်က ယခုအချိန်တွင် စားစရာနှင့်ဝတ်စရာအတွက် ဆွေမျိုးများထံမှ သူဖုန်းစားတစ်ဦးကဲ့သို့ ပြန်တောင်းနေရကြောင်း ဆမ်ဆီဒါမန်း ကောကပြောသည်။

ကက်သလစ်ဘာသာဝင် အများစု နေထိုင်ရာ ဖိလစ်ပိုင်နိုင်ငံ၏ မင်ဒါနာအိုကျွန်းပေါ်ရှိ မာရာဝီမြို့သည် အစ္စလာမ်ဘာသာဝင်အများစု တည်ရှိသည့်မြို့ဖြစ်သည်။ သို့သော်လည်း အစ္စလာမ်မစ်နိုင်ငံေ တ်ာကို ထူထောင်လိုသည့် ပြည်တွင်းနှင့် ပြည်ပအကြမ်းဖက်သမားများက အရှေ့တောင်အာရှတွင် အခြေစိုက်စခန်း ထူထောင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများကြောင့် မာရာဝီမြို့က ပြာပုံအတိရောက်ခဲ့ရခြင်းဖြစ် သည်။

ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် အဆုံးသတ်ခဲ့သော အဆိုပါတိုက်ပွဲသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေ လက်ထက်တွင် အကြီးမားဆုံးသော လုံခြုံရေးကျိုးပေါက်မှုနှင့် အရှေ့ေ တာင်အာရှတွင် အဆိုးဝါး ဆုံးသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများမှာလည်း အလက်ပို နှင့်မိုဆူးမြို့တို့၌ ပျက်စီးမှုများကဲ့သို့ပင်ဖြစ်သည်။ ထိုတိုက်ပွဲ များကြောင့် မာရာဝီမြို့ဒေသခံ နှစ်သိန်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကာ ကယ်ဆယ်ရေး စခန်းများနှင့် ဆွေမျိုးများအိမ်၌ သွားရောက်နေ ထိုင်ကြရသည်။ အဆိုပါ တိုက်ပွဲများဖြစ်ပွားရာ ဒေသအတွင်း အလေးချိန် ၂၂၆ ကီလိုဂရမ်အထိရှိသည့် မပေါက်ကွဲသေးသောဗုံး ၅၃ လုံးရှိသည့်အပြင် အကြမ်းဖက်သမားများ ချန်ထားခဲ့သည့် ဖောက်ခွဲရေးပစ္စည်း များလည်း ကျန်နေသေးကြောင်း ဗိုလ်မှူးကြီးရိုမီယိုဘရောနာက ပြောသည်။ သို့သော် လိုအပ်သောကိရိယာ တန်ဆာပလာရှားပါးမှုကြောင့် ဗုံးတစ်လုံးကို ပြန်လည်တူးဖော်ရန် အချိန်ငါးရက်ယူရကြောင်း ဗိုလ်မှူးကြီး ရိုမီယိုဘရောနာ က ပြောသည်။ စစ်ဘက်အနေဖြင့် ထိုဗုံးများကို ဇွန်လအကုန်တွင်အပြီးဖော်ရန် ရည်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။

Read 197 times Last modified on Monday, 02 April 2018 09:22