SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အမေရိကန် သံအမှုထမ်းများ စိန့်ပီတာစဘာ့ မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ ပြန်လည် ထွက်ခွာ

Monday, 02 April 2018 09:22 font size decrease font size decrease font size increase font size increase font size

စိန့်ပီတာစဘာ့ ဧပြီ ၁

ရုရှားနိုင်ငံမှနှင်ထုတ်ခံရသည့် အမေရိကန် သံအမှုထမ်းများသည် ဧပြီ ၁ ရက်တွင် စိန့်ပီတာစဘာ့မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ထိုသံအမှုထမ်းများသည် ဒေသစံ တော်ချိန်နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် ကောင်စစ်ဝန်ချုပ်ရုံး အဆောက်အအုံမှ မီနီဘတ်စကားဖြင့် ထွက်ခွာသွားခြင်းဖြစ်ကြောင်း ယင်းအဆောက်အအုံအနီး ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည် ပြုပြောသည်။

ဗြိတိန်နိုင်ငံ၌နေထိုင်သော ရုရှားစစ်ဘက် ထောက်လှမ်းရေးဟောင်း စခရီပယ်နှင့်သမီး ယူလီယာတို့ ဓာတုပစ္စည်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဆီယက်တယ်မြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးမှ ရုရှား သံအမှုထမ်း ၆ဝ ကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမေရိကန်အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အမိန့်ပေးလိုက် သည်။ အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် စိန့်ပီတာစဘာ့မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးမှ သံအမှုထမ်းများကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ရုရှားအစိုးရက ပြန်လည်အမိန့် ထုတ်ပြန်ခဲ့သည်။ စခရီပယ်နှင့်ယူလီယာတို့သည် အာရုံေ ကြာစနစ်ကို ရပ်ဆိုင်းစေသည့် ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဗြိတိန်ကျွမ်းကျင်သူများက ပြောထားပြီး ယင်းတိုက်ခိုက်မှုသည် ရုရှားအစိုးရ၌ တာဝန်ရှိသည်ဟု စွပ်စွဲထားသောကြောင့် ဗြိတိန်နှင့် ရုရှားတို့အကြား ဆက်ဆံရေးမှာ တင်းမာလျက် ရှိကြောင်း သိရသည်။

ရုရှားအစိုးရကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အကူအညီပေးရန် ကမ်းလှမ်းထားသည်။

Read 139 times Last modified on Monday, 02 April 2018 09:27