SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယားသို့ စစ်သည်များ စေလွှတ်မည့် ပြင်သစ်ကို တူရကီ သတိပေး

Monday, 02 April 2018 09:27 font size decrease font size decrease font size increase font size increase font size

အန်ကာရာ ဧပြီ ၁

ဆီးရီးယားသို့စစ်သည်များ စေလွှတ်မည့် ပြင်သစ်အစိုးရကို တူရကီ ကာကွယ်ရေးဝန်ကြီး ကသတိပေး လိုက်ကြောင်း သိရသည်။ ပြင်သစ်အစိုးရအနေဖြင့် တပ်ဖွဲ့ဝင်များကို ဆီးရီးယားမြောက်ပိုင်းသို့ စေလွှတ် မည်ဆိုပါက ကျူးကျော်မှုကဲ့သို့သော တရားမဝင် လုပ်ဆောင်ချက်အဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီး နူရက်တင်ဆာနီကလီ၏ ပြောဆိုချက်ကို ကိုးကား၍ Anadolu သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် ဆီးရီးယား၌ IS စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှုများ လျော့ကျသွားပြီဖြစ်သောကြောင့် ယင်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များဖြန့်ကြက်ရန်မလိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန် သည်ကားဒစ်အဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF)မှ ကိုယ်စားလှယ်အဖွဲ့ကို မတ် ၂၉ ရက်တွင်လက်ခံတွေ့ဆုံ၍ ပြင်သစ်အစိုးရက ထိုတပ် အဖွဲ့ အား ထောက်ခံသည်ဟု ပြောသည်။ ဆက်လက်ပြီး တူရကီနိုင်ငံနှင့် SDF တို့တွေ့ဆုံဆွေးနွေးရန် ပြင်သစ်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းက ကမကထပြုပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မက်ခရွန်ကပြောသည်။ ပြင်သစ်အစိုးရသည် ဆီးရီးယား မြို့ကြီးတစ်မြို့ဖြစ်သည့် မန်ဘစ်မြို့ကို ကာကွယ်ရေးတွင် ကားဒစ်တပ်များအား အကူအညီပေးရန် ဆုံးဖြတ် ထားကြောင်း ပြင်သစ် မီဒီယာ ကြီးတစ်ခုက ထုတ်ပြန်ထားသည်။

Read 226 times Last modified on Monday, 02 April 2018 09:30