SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆန္ဒပြပွဲအတွင်း ပါလက်စတိုင်း ပြည်သူများ သေဆုံးမှုကို ဖော်ထုတ်ပေးရန် တောင်းဆိုချက် အစ္စရေး ငြင်းဆို

Monday, 02 April 2018 09:30 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင် ဧပြီ ၁

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဂါဇာနှင့်အစ္စရေးနယ်စပ်၌ဖြစ်ပွားသော ဆန္ဒပြပွဲများအတွင်း ပါလက်စတိုင်း ပြည်သူ ၁၅ ဦးသေဆုံးမှုနှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုချက်ကို အစ္စရေး ကာကွယ်ရေး ဝန်ကြီး အဗစ်ဒေါလီဘာမင်က ဧပြီ ၁ ရက်တွင် ငြင်းဆိုလိုက်သည်။

ထိုဆန္ဒပြပွဲများအတွင်း အစ္စရေးလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြပါလက်စတိုင်း ပြည်သူတို့အကြား အဓိက ရုဏ်းများဖြစ်ပွားပြီးနောက် ပါလက်စတိုင်းပြည်သူ ၁၅ ဦးသေဆုံးခြင်းဖြစ်သည်။ ထိုဖြစ်စဉ် အတွက် ဘက်မလိုက်သည့်သီးခြား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က တောင်းဆိုသည်။ ထို့နောက် ဥရောပသမဂ္ဂနိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဖက်ဒရီကာမိုဂါရီနီ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အစ္စရေးလက်ဝဲယိမ်း အတိုက်အခံ မာရက်ပါတီခေါင်းဆောင်တို့က အလားတူ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သေဆုံးသူပါလက်စတိုင်းပြည်သူ ၁၅ ဦးအနက်ရှစ်ဦးမှာ ဟားမက်အဖွဲ့ဝင်များဖြစ်သည်ဟု အစ္စရေးက ပြော ဆိုထားသော်လည်း ၎င်းတို့၏အဖွဲ့ဝင် ငါးဦးသာပါဝင်သည်ဟု ဟားမက်အဖွဲ့က ထုတ်ပြန်ထားသည်။ ဆန္ဒပြ သူပါလက်စတိုင်း ပြည်သူထောင်ပေါင်းများစွာသည် မတ် ၃ဝ ရက်တွင် အရှည် ၆၅ ကီလိုမီတာရှိ နယ်စပ် စည်းရိုးတစ်လျှောက်၌ တဲများထိုး၍ ပါလက်စတိုင်း ဒုက္ခသည် များနှင့် သားသမီးများက ၎င်းတို့ပိုင်ဆိုင်ရာ နယ်မြေအတွင်းသို့ပြန်လာခွင့်ရရှိရေးအတွက် ရက်သတ္တခြောက်ပတ်ကြာဆန္ဒပြရန် စီစဉ်ခဲ့သည်။

သို့ရာတွင် နယ်စပ်စည်းရိုးအနီးမကပ်ရန် သတိပေးချက်ကို ဆန္ဒပြသူများက လျစ်လျူရှုရာမှ အဓိကရုဏ်း များဖြစ်ပွားခြင်းဖြစ်သည်။ အစ္စရေးစစ်သည်များသည် တာဝန်ကိုတိကျစွာ ထမ်းဆောင်ခြင်ြး ဖစ်သောကြောင့် ၎င်းတို့အား ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်ရန်ပင် ထိုက်တန်ကြောင်းနှင့် ထိုဖြစ်စဉ်အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင် လိုအပ်မည် မဟုတ်ကြောင်း လီဘာမင်ကပြော သည်ဟု သိရသည်။

Read 317 times Last modified on Monday, 02 April 2018 09:31