SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အာဖဂန်၌ ဥပဒေပြု ရွေးကောက်ပွဲကို အောက်တိုဘာ ၂ဝ ရက်တွင် ကျင်းပမည်

Monday, 02 April 2018 10:30 font size decrease font size decrease font size increase font size increase font size

ကဘူး ဧပြီ ၁

အာဖဂန်နစ္စတန်နိုင်ငံ၌ သုံးနှစ်ကြာ နှောင့်နှေးကြန့်ကြာခဲ့သည့် ဥပဒေပြု ရွေးကောက်ပွဲကို အောက်တိုဘာ ၂ဝ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၁ ရက်တွင်ပြောသည်။

ယင်းရွေးကောက်ပွဲကို ၂ဝ၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲပြီးနောက် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ညွန့်ပေါင်းအစိုးရအတွင်း ထောက်ပံ့ရေး ကိစ္စရပ်များနှင့် လုံခြုံရေး မတည်ငြိမ်မှုများ ကြောင့်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

အကယ်၍ ဥပဒေပြုရွေးကောက်ပွဲ ကျင်းပပါက ကိုယ်စားလှယ်လောင်းများ အနေဖြင့် ငါးနှစ်ကြာ တာဝန် ထမ်းဆောင်ရန်အတွက် အမျိုးသားညီလာခံ၏နေရာ ၂၄၉ နေရာ အတွက်ပါဝင်ယှဉ်ပြိုင် ရ မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အာဖဂန်အစိုးရအနေဖြင့် ဒေသတွင်း ရွေးကောက်ပွဲများကို နိုင်ငံတစ်ဝန်းရှိ ခရိုင် ၄ဝဝ ခန့်၌ တစ်ချိန်တည်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အာဖဂန်၌ ရွေးကောက်ပွဲကျင်းပခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ကြောင်း၊ ဆန္ဒမဲပေးသူများအနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ အမည်ကို တရားဝင်မကြေညာမီ ဧပြီလလယ်ပိုင်း၌ မှတ်ပုံတင်ကတ်များ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အတ်ဒယ်ဘာဒီဆာယတ်က ပြောသည်။ အဆိုပါ ဥပဒေပြုရွေးကောက်ပွဲသည် ၂ဝ၁၉ ခုနှစ်ဧပြီလတွင် ပြုလုပ်ရန်စီစဉ်ထားသော သမ္မတ ရွေးကောက်ပွဲမကျင်းပမီ လပေါင်းများစွာ အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Read 280 times Last modified on Monday, 02 April 2018 10:32