SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပျော့ပျောင်းလာစဉ် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အကျဉ်းချုံးဖြင့် စတင်

Monday, 02 April 2018 10:32 font size decrease font size decrease font size increase font size increase font size

ဆိုး ဧပြီ ၁

မြောက်ကိုရီးယားအစိုးရနှင့် ဆက်ဆံရေး ပျော့ပျောင်းလာစဉ် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁ ရက်တွင် အကျဉ်းချုံးကာ စတင်ပြုလုပ်ကြောင်း တောင်ကိုရီး ယား ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ရန် အတည်ပြုပြီးနောက် ပြီးခဲ့သည့်လများအတွင်း ကိုရီးယားကျွန်းဆွယ်ရှိ တင်းမာမှုများမှာ လျော့ကျ လာကြောင်း သိရသည်။ တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးသိန်းနီးပါးနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၁၅ဝဝ ခန့်ပါဝင်သည့် ဖိုးအီးဂဲ အမည်ရှိ နှစ်စဉ်စစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၁ ရက်အစောပိုင်းမှ စတင်ကာ တစ်လကြာပြုလုပ်မည်ဖြစ် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ယင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလတွင် ကျင်းပရန် ကနဦးစီစဉ် ထားသော်လည်း တောင်ကိုရီးယား နိုင်ငံ၌ကျင်းပသော ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အပါအဝင် မြောက်ကိုရီးယားနှင့် ပဋိပက္ခ များရှောင်ရှားရန် ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်၏ စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယား စွမ်းအင်သုံး လေယာဉ် တင်သင်္ဘောကဲ့သို့ မဟာဗျူဟာမြောက် စစ်လက်နက်များ အနည်း အကျဉ်းသာ ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက အစောပိုင်းတွင် ပြောသည်။ ယခင်စစ်ရေး လေ့ကျင့်မှုများတွင်မူ ယင်းကဲ့သို့ အင်အားပြင်းလက်နက်များ ဖြန့်ကြက်မှု မကြာခဏ ပါဝင်ေ ကြာင်း သိရသည်။

Read 225 times Last modified on Monday, 02 April 2018 10:34