SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချခြင်းသည် ရာသီဥတု၏ သက်ရောက်မှုများကို ကာကွယ်နိုင်မည် မဟုတ်

Tuesday, 03 April 2018 09:04 font size decrease font size decrease font size increase font size increase font size

ပဲရစ် ဧပြီ ၂

ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချခြင်းသည် လူသေဆုံးမှုများ ဖြစ်ပွားစေနိုင်သော ရာသီဥတု၏ သက်ရောက်မှုများကို ကာကွယ်နိုင်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ဧပြီ ၂ ရက်တွင် ထုတ်ပြန်သော သိပ္ပံပညာဆိုင်ရာ လေ့လာမှု မှတ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အထိ ပူနွေးလာခြင်းသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ဝင်ငွေများ ကျဆင်းမှု၊ ဒေသတွင်း အစားအစာနှင့် ရေချိုပြတ်လပ်မှုနှင့် တိရစ္ဆာန်နှင့် သစ်ပင်မျိုးစိတ်များ ဆုံးရှုံးရမှု တို့ကိုဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ အာရှတိုက်၊ အာဖရိကနှင့်လက်တင် အမေရိကရှိ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများသည် ရာသီဥတုပူနွေးမှုဒဏ်ကို အဆိုးရွားဆုံးခံစားရမည် ဖြစ်ကြောင်း ဗြိတိန်တော်ဝင် အဖွဲ့အစည်း၏ ဒဿနိကဆိုင်ရာ လေ့လာမှုမှတ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သတိထားမိကြောင်းနှင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်သင့်ကြောင်း ဘရစ္စတိုးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခ ဒန်းမစ်ချယ်က ပြောသည်။ ၂ဝ၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံပေါင်း ၁၉၇ နိုင်ငံပါဝင်သည့် ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူစာချုပ်၌ ကမ္ဘာကြီးပူနွေးမှုကို အပူချိန် ၂ ဒီဂရီစင်တီ ဂရိတ်အောက်အထိ လျော့ကျစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကန့်သတ်ရန် ကြိုးပမ်းမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ရာသီဥတုပြောင်းလဲမှုသည် လူသားတို့ကို စနစ်တကျ ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က မတ်၂၉ ရက်တွင် ပြောထားသည်။

Read 198 times Last modified on Tuesday, 03 April 2018 09:07