SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဘုရင်များအား မျက်နှာဖုံး တပ်ပေးထားသည့် ပုံကိုမျှဝေသော ထိုင်းအယ်ဒီတာ တရားစွဲဆိုချက်များနှင့် ရင်ဆိုင်နေရ

Tuesday, 03 April 2018 09:07 font size decrease font size decrease font size increase font size increase font size

ဘန်ကောက် ဧပြီ ၂

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်၌ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုကို သရော်သည့် အနေဖြင့် ကျောင်းသား တစ်ဦးက သမိုင်းဝင် ဘုရင်များ၏ မျက်နှာကို မျက်နှာဖုံးတပ်၍ ရေးဆွဲထားသည့်ပုံကို လူမှု ကွန်ရက်၌ တင်ခဲ့ရာ ထိုရိုင်းပျသည့်ပုံကိုမျှဝေသော ထိုင်းအယ်ဒီတာ တစ်ဦးသည် ပြစ်မှုဆိုင်ရာ တရားစွဲဆိုချက်များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Chiang Mai Citylife မဂ္ဂဇင်းအယ်ဒီတာ ပင်ကီမာဆင်းကီသည် ယင်းဓာတ်ပုံများကို မျှဝေခြင်းဖြင့် ကွန်ပျူတာ ဆိုင်ရာပြစ်မှုဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ချင်းမိုင်မြို့ အုပ်ချုပ်ရေးမှူးက ဧပြီ ၁ ရက်တွင် Reuters သတင်းဌာနသို့ ပြောသည်။ ဘုရင်များကို ချင်းမိုင်မြို့ရှိ ဒေသခံများက ကြည်ညိုလေးစား ကြကြောင်းနှင့် ဘုရင်များကို မျက်နှာဖုံးတပ်ပေးသည့် ဓာတ်ပုံများ အသုံးပြုခြင်းသည် မလေးစားရာရောက် ကြောင်းအုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့သို့ပေးပို့သည့် စာတွင် ရေးသားဖော်ပြထားသည်။

အသရေဖျက်မှုနှင့် မဖွယ်မရာပြုလုပ်ခြင်းကို တားမြစ်ထားသော ထိုင်းဆိုက်ဘာပြစ်မှုဆိုင်ရာ ဥပဒေကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ က ပြစ်တင် ဝေဖန်ထားကြောင်း သိရသည်။ ထိုင်း-ဗြိတိန်နိုင်ငံသား ပင်ကီမာဆင်းကီသည် မျက်နှာဖုံးများ တပ်ဆင် ထားသော ဘုရင်များ၏ပုံကို လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် လှုံ့ဆော် သည့် အနေဖြင့် မျှဝေကြောင်းနှင့် နောက်ပိုင်းတွင် အစိုးရ၏ တောင်းဆိုမှုကြောင့် ပြန်ဖျက်ခဲ့ကြောင်း သိရသည်။

Read 215 times Last modified on Tuesday, 03 April 2018 09:11