SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သတင်းမှား ဖြန့်ဝေမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို မလေးရှား အောက်လွှတ်တော် အတည်ပြု

Tuesday, 03 April 2018 09:11 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ ဧပြီ ၂

သတင်းမှားဖြန့်ဝေမှု တိုက်ဖျက်ရေး ဥပဒေကြမ်းသည် မကြာမီကျင်းပမည့် မလေးရှား ရွေးကောက်ပွဲမတိုင်မီ သဘောထားကွဲလွဲမှုများ ဖြစ်ပွားအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု အတိုက်အခံ ပါတီမှ ဥပဒေပြုအမတ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း အောက်လွှတ်တော်က ဧပြီ ၂ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သတင်းမှားဖြန့်ဝေမှု တိုက်ဖျက်ရေး ဥပဒေ အတည်ပြုရေးနှင့် ပတ်သက်၍ အောက်လွှတ်တော်၌ မဲခွဲဆုံး ဖြတ်ရာ ထောက်ခံသူ ၁၂၃ ဦး ရှိပြီး ကန့်ကွက်သူ ၆၄ ဦးရှိကြောင်း သိရသည်။ အဆိုပါ ဥပဒေအရ ပြစ်မှု ကျူးလွန်သူသည် ထောင်ဒဏ်ခြောက်နှစ်နှင့် အများဆုံး ဒဏ်ငွေ ရင်းဂစ်ငါးသိန်း ပေးဆောင်ရမည်ဖြစ်သည်။ ၎င်းဥပဒေသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်းမဟုတ်ဘဲ သတင်းမှား ဖြန့်ဝေခြင်းကို ကန့်သတ် သည့် ဥပဒေသာဖြစ်ကြောင်း ဥပဒေရေးရာ ဝန်ကြီးကဲ့သို့ ဖြစ်နေသည့် အေဇာလီနာ အုပ်မန်းက ပြောသည်။

အဆိုပါဥပဒေနှင့် ပတ်သက်၍ အထက်လွှတ်တော်တွင်လည်း မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ဧပြီ ၃ ရက်တွင် ပြီးဆုံးမည့် လွှတ်တော်ဆွေးနွေးပွဲ မတိုင်မီ အတည်ပြု နိုင်ဖွယ်ရှိသည်။ လွှတ်တော် နှစ်ရပ်စလုံး က ၎င်းဥပဒေ ကြမ်းကို အတည်ပြုသည်နှင့် တစ်ပြိုင်နက် မလေးရှားဘုရင်ကလည်း သဘောတူ ခွင့်ပြုပါက ဥပဒေတစ်ရပ် အဖြစ် အတည်ပြု သွားမည်ဖြစ်သည်။

အာဏာပိုင်များသည် ရွေးကောက်ပွဲစည်းရုံး လှုံ့ဆော်မှုကာလအတွင်း အာဏာရ ညွန့်ပေါင်း ပါတီဖြစ်သော ဘာရစ်ဆန်း အမျိုးသားပါတီ (BN) ကို ဆန့်ကျင်သည့် ပြောဆိုမှုများအပေါ် အရေးယူနို င်ခြေရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေသည့်ကြားမှ သတင်းမှားဖြန့်ဝေမှု တိုက်ဖျက်ရေး ဥပဒေကို ရက်ပိုင်းအတွင်း အတည်ပြု လာနိုင်ဖွယ်ရှိသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မဲဆန္ဒနယ်သတ်မှတ်ခြင်း သို့မဟုတ် အခြားကဏ္ဍများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများအပေါ် သတင်းမှားဖြန့်ဝေမှု တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲ ဆိုမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ညွှန်ကြား ရေးမှူး ဘရတ်အက်ဒမ်က ပြောသည်။

Read 187 times Last modified on Tuesday, 03 April 2018 09:14