SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မက္ကဆီကို အကျဉ်းထောင် ဆူပူအုံကြွမှုအတွင်း ခုနစ်ဦး သေဆုံး

Tuesday, 03 April 2018 09:14 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုစီးတီး ဧပြီ ၂

မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းဗာရာခရတ် ပြည်နယ်၌ ဧပြီ ၁ ရက်တွင် အကျဉ်းထောင် ဆူပူအုံကြွမှု ဖြစ်ပွားရာ ရဲအရာရှိခြောက်ဦး အပါအဝင် ခုနစ်ဦးသေဆုံးပြီး ရဲအရာရှိ ၁၅ ဦးနှင့် အကျဉ်းသား ခုနစ် ဦးဒဏ်ရာရရှိ ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ လာတိုမာအကျဉ်းထောင်မှ အန္တရာယ်များသည့် အကျဉ်းသားများအဖွဲ့ကို ရဲတပ်ဖွဲ့က ပို့ဆောင်ရန် ကြိုးပမ်းနေစဉ် အကျဉ်းသားများက ရဲအရာရှိခြောက်ဦးကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်း တို့ကို လူသူ ကင်းမဲ့သောနေရာတစ်ခု၌ ပိတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူက ပြောသည်။

ရဲအရာရှိများမှာ အကျဉ်းသားများ၏ မီးရှို့မှုအတွင်း သေဆုံးခြင်းဖြစ်ပြီး အခြားတစ်ဦးလည်း သေဆုံးခဲ့ ကြောင်း၊ သို့သော် ၎င်းမှာမည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။ ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များမှာ ဆေးကုသမှုခံယူလျက်ရှိပြီး အခြားဒဏ်ရာရရှိသူ အကျဉ်းသားများ အနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။ ယခုအခါ ထိန်းချုပ်မှုများ လုပ်ဆောင်နေေ သာ ရဲတပ်ဖွဲ့ကို ကူညီရန် အကျဉ်းထောင်သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း သိရသည်။

အကျဉ်းထောင် အပြင်ဘက်တွင်လည်း အကျဉ်းသားများ၏ မိသားစုဝင်များက စုရုံးကာ သတင်းများကို တောင်းဆိုလျက်ရှိကြောင်း သိရသည်။ ယင်းအကျဉ်းထောင်သည် ဗာရာခရတ်ပြည်နယ် ဆာလာ ပါမြို့တော် တောင်ဘက်ကီလိုမီတာ ၁၄ဝ အကွာရှိ အမတ်လန်ဒီလော့ရီယတ်မြို့၌ တည်ရှိကြောင်း သိရသည်။

Read 247 times Last modified on Tuesday, 03 April 2018 09:16