SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တရုတ်ကထုတ်ဖော်ပြသ လိုက်သည့် ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ဓာတ်ရထား

Thursday, 03 August 2017 14:01 font size decrease font size decrease font size increase font size increase font size

နည်းပညာမြှင့်တင်မှုများကို တစိုက်မတ် မတ်လုပ်ဆောင်လာသည့် တရုတ်နိုင်ငံသည် ယခုအခါ မောင်းသူမဲ့ ဓာတ်ရထားကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ အဆိုပါဓာတ်ရထားကို ရှန် တုံပြည် နယ် ကျင်းတောင်မြို့၌ပြသခြင်းဖြစ်သည်။ ၎င်းဓာတ်ရထား၏ အရှည်သည်  ၃၅ဒသမ ၁၉ မီတာရှိပြီး ၂ ဒသမ ၆၅ မီတာ ကျယ်ကာ ခရီး သည် ၃၈ဝ အထိတင်ဆောင်မောင်းနှင်နိုင်သည်။ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ကီလိုမီ တာ ၇ဝ အထိမောင်းနှင်ရောက်ရှိနိုင်သည်။ အဆိုပါ ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ဓာတ် ရထားတွင် အလိုအလျောက်မီးရထားထိန်း ချုပ်ရေးစနစ်(ATC) တပ်ဆင်ထားသည်။ ၎င်းစနစ်သည် ယင်းဓာတ်ရထားအတွက် အဓိကကျ သည့်  ဦးနှောက် တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။ ယင်းဦးနှောက်သည် ဓာတ်ရထားစတင် ထွက်ခွာခြင်း၊ မောင်းနှင်ခြင်းနှင့်ရပ်တန့်ခြင်း တို့ကို အလိုအလျောက်လုပ်ဆောင်နိုင်စေ သော်လည်း မီးရထားမောင်းနှင်သူများက အဆိုပါစနစ်ကို အထောက် အပံ့များပေးရန် အတွက် အသင့်ရှိနေရမည်ဖြစ်ကြောင်းတရုတ်နိုင်ငံသားပိုင်  မီးရ ထား တွဲများတည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် စီအာအာစီကျင်းတောင် ဆီဖန်းကုမ္ပဏီမှ အင်ဂျင်နီ ယာ လီ ယန် ယီက ပြောသည်။ ဓာတ်ရ ထားများတွင် အလို အလျောက် မောင်းနှင်သည့် စနစ်ကို အသုံးပြုပေးထားခြင်းသည် စွမ်းဆောင်ရည်နှင့် လုံခြုံမှုကို ပိုမိုတိုး တက်စေရန် အတွက် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

Read 458 times Last modified on Thursday, 03 August 2017 14:29