SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရုရှားနှင့်ငြိမ်းချမ်းရေး ရရှိရန် နှစ်နိုင်ငံ စလုံးက ပြောင်းလွယ်ပြင်လွယ်ရှိရမည်ဟု ဂျပန်ပြော

Thursday, 24 August 2017 10:56 font size decrease font size decrease font size increase font size increase font size

တိုကျို   သြဂုတ်   ၂၃

ဂျပန်နှင့်ရုရှားတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ချမှတ်နိုင်ရန် အတွက် နှစ်နိုင်ငံ စလုံးက ပြောင်း လွယ်ပြင်လွယ်ရှိရမည်ဟု မကြာသေးမီက ခန့်အပ်ခံရသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုက သြဂုတ် ၂၃ ရက်တွင် ပြောသည်။

နှစ်နိုင်ငံငြိမ်းချမ်းရေးသဘောတူညီချက်အပြီးသတ်ချမှတ်နိုင်ရေးအတွက် ဂျပန်-ရုရှား ဆက် ဆံရေးတွင်လုပ်ဆောင်စရာများရှိနေသေးကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် ယခင်က ပြုမူလုပ် ဆောင်ခြင်းမရှိသည့် ချဉ်းကပ် မှုမျိုး ကို အသုံးချ၍ လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင် နိုင်ရေးအတွက် ၎င်းအနေဖြင့် ရုရှားသို့သွားရန်လိုကြောင်း ကိုနိုက Yomiuri Shimbun သတင်းစာသို့  ပြောသည်။

ထို့ပြင် နှစ်နိုင်ငံပိုင်နက်အငြင်း ပွားနေသည့် ကူရိုင်း ကျွန်းစုများ အရေးကိစ္စကိုဖြေရှင်းခြင်း အားဖြင့် လည်း ငြိမ်းချမ်းရေးသဘောတူညီချက် အပြီးသတ်ချမှတ်နိုင်ကြောင်း ၎င်းက ပြောသည်။ကိုနိုသည်  ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ယခင်နိုင ငံခြား ရေးဝန်ကြီး ဖူမီယိုကီရှီဒါ၏နေရာ၌ သြဂုတ် ၃ ရက်မှစတင် တာဝန် ထမ်း ဆောင်ခြင်းဖြစ် သည်။

ဂျပန်နှင့်ရုရှားနိုင်ငံတို့သည်   ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ နှစ်နိုင်ငံငြိမ်းချမ်း ရေးသ ဘော တူညီချက်ကို ချမှတ်နိုင်ခြင်းမရှိသေးဘဲ ၎င်းတို့၏ဆက်ဆံရေးတွင်လည်း ခက်ခဲမှု အချို့ဖြစ် ပေါ်လျက်ရှိသည်။ အဆိုပါအငြင်း ပွားကျွန်းများကို နှစ်နိုင်ငံစလုံးက ၎င်းတို့ပိုင်အဖြစ် ကြေညာ ထားပြီး ရုရှားကတောင်ပိုင်းကူရိုင်းကျွန်းစုများဟု ခေါ်ဆိုထားကာ ဂျပန်ကမူ မြောက်ပိုင်း နယ်နိ မိတ်များဟု အမည်ပေးထားသည်။ဂျပန်နှင့်ရုရှားတို့သည် ပြီးခဲ့ သည့်နှစ်များ အတွင်း ၎င်းတို့နှစ်နိုင်ငံ၏ဆက်ဆံရေးကို ပုံမှန်ပြန် လည်ဖြစ် စေရန်အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

Read 778 times Last modified on Thursday, 24 August 2017 10:59