SJ WorldNews - шаблон joomla Авто

ဟောင်ကောင်နှင့်မကာအိုသို့ တိုင်ဖွန်းမုန်တိုင်း ဟာတို ဝင်ရောက်၊ လေးဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရ

Thursday, 24 August 2017 11:52 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်  သြဂုတ်  ၂၃

တရုတ်အထူး ဒေသကြီးများ ဖြစ်သည့် ဟောင်ကောင်နှင့် မကာအိုသို့ သြဂုတ် ၂၃ရက်တွင် တိုင်ဖွန်းမုန်တိုင်း ဟာတို ဝင်ရောက် တိုက်ခတ်ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုအတွင်း လူသေဆုံး မှုမှာ မကာအိုတွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဟောင်ကောင်တွင် လူ ၃၄ ဦးဒဏ် ရာရရှိကာ လေကြောင်းခရီးစဉ် အများအပြားကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

ဟာတိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ဟောင်ကောင်၏ စီးပွားရေး အချက်အချာကျသော နေရာရှိ  စတော့ဈေး ကွက် အပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကို  ပိတ်လိုက်ရသည်။

ထို့ပြင်မုန်တိုင်းတိုက်ခတ်မှုအတွင်း လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၅ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များမှာ အမြစ် မှကျွတ်ထွက်သွားသည်။ ထို့ပြင် ဒေသတွင်းရှိ စာသင်ကျောင်းများကိုလည်း အာဏာပိုင် များက ပိတ်လိုက်ရပြီး လေကြောင်းခရီးစဉ် ၄ဝဝ ကျော်ကိုလည်း ရပ်ဆိုင်းလိုက်ရကြောင်းသိရသည်။

မုန်တိုင်းကြောင့် မြေနိမ့်ဒေသများတွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိသည်။ အလားတူ ဟောင်ကောင်မှ မကာအိုသို့ ရေကြောင်းမှ တစ်ဆင့်ပြေးဆွဲနေသည့်ကူးတို့ယာဉ်ခရီးစဉ် များကိုလည်း သက်ဆိုင်ရာက ရပ်ဆိုင်း ထားသည်။ မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဒေသခံထောင်ပေါင်းများစွာကို အာဏာပိုင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ထားရကြောင်း သိရသည်။

ဟာတိုမုန်တိုင်းသည် တရုတ်နိုင်ငံသို့ ယခု နှစ်အတွင်း ဝင်ရောက်တိုက်ခတ်သည့်မုန်တိုင်းများအနက် ၁၃ ကြိမ်မြောက် မုန်တိုင်းဖြစ်ပြီး ငါးနှစ်အတွင်း ဟောင်ကောင်သို့ဝင်ရောက် တိုက်ခတ်သည့် မုန်တိုင်းများအနက် အင်အား အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ကြောင်း သိရသည်။

Read 336 times Last modified on Thursday, 24 August 2017 11:53