SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ကင်ဂျုံအွန် အတည်ပြု

Wednesday, 11 April 2018 13:09 font size decrease font size decrease font size increase font size increase font size

ပြုံယမ်း ဧပြီ ၁ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဧပြီ ၂၇ ရက်တွင် ပန်မွန်ဂျုံ ကျေးရွာ၌ တောင်ကိုရီး ယားသမ္မတ မွန်ဂျေးအင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု မြောက် ကိုရီးယားနိုင်ငံ ပိုင် သတင်းဌာနဖြစ်သော DPRK ဗဟိုရုပ်သံနှင့် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်က ဦးဆောင်ကျင်းပခဲ့ပြီး တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံမည့်သတင်းကို ကင် က အဆိုပါ ဆွေးနွေး ပွဲ၌ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

တောင်နှင့် မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်တွင် ပန်မွန်ဂျုံ ကျေးရွာ တောင်ပိုင်းရှိ ငြိမ်းချမ်းရေးအိမ်တော်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Read 168 times Last modified on Wednesday, 11 April 2018 13:11