SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ အချုပ်ထောင်မှ အကျဉ်းသား ၁၇ ဦး ထောင်ဖောက် ထွက်ပြေး

Wednesday, 11 April 2018 13:11 font size decrease font size decrease font size increase font size increase font size

မနီလာ ဧပြီ ၁ဝ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇမ်ဘွန်အန်ဂါစီးတီးမြို့ရှိ ရဲတပ်ဖွဲ့ အချုပ်ထောင်တစ်ခု၌ ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၇ ဦးသည် ဧပြီ ၁ဝ ရက် အရုဏ်တက်ချိန်တွင် ထောင်ဖောက် ထွက်ပြေးသွားကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထောင်ဖောက်ထွင်းမှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၅ဝ တွင်ဖြစ်ပွားခြင်းဖြစ်ပြီး နာရီအနည်း ငယ်အကြာတွင် ထွက်ပြေးသူ အကျဉ်းသား ၁၇ ဦးအနက် ၁၂ ဦးကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးလိုက် နိုင်ကြောင်းနှင့် လွတ်မြောက်လျက်ရှိသည့် ကျန်ငါးဦးကိုမူ လိုက်လံရှာဖွေ နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ ဗင်ဆန့်နေရီ အစ်ဂနာစီရိုက ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်နေရသည့် အဆိုပါ အကျဉ်းသားများသည် သော့ခတ်ထားသော အချုပ်ခန်းကို လက်ဆွဲလွှတစ်ခုဖြင့် တိုက်ဖျက်ဖျက်ဆီးကာ ထွက်ပြေး ခဲ့ခြင်း ဖြစ်ကြောင်း အစ်ဂနာစီရိုက ပြောသည်။

အဆိုပါအချုပ်ထောင်ကို အရာရှိတစ်ဦးက စောင့်ကြပ်နေခဲ့သောကြောင့် အကျဉ်းသားများ အနေဖြင့် ထောင်ဖောက်ထွက်ပြေးရန် လွယ်ကူကြောင်း ၎င်းကဆက်ပြောသည်။ ထို့နောက် ရဲတပ်ဖွဲ့က အကျဉ်းသားများ ထွက်ပြေးခြင်းကို တားဆီးရန်အတွက် ရှာဖွေရေးကို ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ကအလိုရှိသော အကျဉ်းသားများကို လက်ခံထားသည့် ၎င်းတို့၏ မိသားစုဝင် ဆွေမျိုးသားချင်းများအ နေဖြင့် ၂၄ နာရီအတွင်း သက်ဆိုင်ရာသို့အပ်နှံရန် သို့မဟုတ် လက်ခံထားပါက တရားစွဲ ဆိုမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

Read 171 times Last modified on Wednesday, 11 April 2018 13:14