SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အိန္ဒိယ၌ ယာဉ်မတော်တဆမှု ဖြစ်ပွား၊ ၁ ဦးသေ ၁၅ ဦးဒဏ်ရာရ

Wednesday, 11 April 2018 13:14 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဧပြီ ၁ဝ

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ထရာ ပြည်နယ်၌ ဧပြီ ၁ဝ ရက်တွင် အလုပ်သမားများကို တင်ဆောင်လာသော ကုန်တင်ကားတစ်စီး မတော်တဆမှု ဖြစ်ပွားရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါယာဉ်မတော်တဆမှုသည် မဟာရက်ထရာပြည်နယ်၏ မြို့တော် မွမ်ဘိုင်းမြို့၏ အရှေ့ဘက် ၈၁ ကီလိုမီတာအကွာ ပွန်းခရိုင် ကန်ဒါလာအနီး ပွန်း-ဆာတာရာ အဝေးပြေးလမ်းမ၌ ဖြစ် ပွားခြင်းဖြစ်ကြောင်း သိရသည်။ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ အလုပ်သမားများသည် အလုပ်သို့ သွားရောက်စဉ် မော်တော်ကားက လမ်းမကြီးနံဘေးရှိ အတားအဆီးကို ဝင်တိုက်ပြီးနောက် တိမ်းမှောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုအတွင်း ဒဏ်ရာရရှိသူများကို ဆာတာရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် ခုနစ်ဦးသည် စိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် အာဏာပိုင်များက အမိန့်ပေး ထားကြောင်း သိရသည်။

ကနဦးစုံစမ်းစစ်ဆေးချက်များအရ ယာဉ်မောင်းသည် ယာဉ်ကိုမောင်းနှင်နေစဉ် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ လမ်း ဘေးရှိအတားအဆီးကို တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

Read 136 times Last modified on Wednesday, 11 April 2018 13:17