SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယားအား တုံ့ပြန် တိုက်ခိုက်ရန် အမေရိကန် အချိန်ယူ စဉ်းစားလျက်ရှိ

Wednesday, 11 April 2018 13:18 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၁ဝ

ဒူမားမြို့၌ ဖြစ်ပွားသော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် ဆီးရီးယားနိုင်ငံအား တိုက်ခိုက်ရန် အမေရိကန်က အချိန်ယူ စဉ်းစားလျက်ရှိကြောင်း သိရသည်။

လာမည့်ရက်အနည်းငယ်တွင် အမေရိကန်ရေတပ်မှ ဒုတိယမြောက် ဖျက်သင်္ဘောသည် မြေထဲပင်လယ် အတွင်းသို့ ဝင်ရောက်ရန် အသင့်ရှိနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ သတင်း အရင်း အမြစ်များ၏ ပြောဆို ချက်ကိုကိုးကား၍ The Wall Street ဂျာနယ်က ဖော်ပြသည်။

ယခုအခါ မြေထဲပင်လယ်အရှေ့ဘက်တွင် USS Donald Cook အမည်ရှိ ပဲ့ထိန်း ဒုံးကျည်တပ်ဖျက်သင်္ဘောကို တပ်ဖြန့်ထားပြီး ဖြစ်ကြောင်း၊ ဆီးရီးယားနိုင်ငံအား တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားခြင်း ဖြစ်ကြောင်း၊ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ဒုတိယမြောက်ဖျက် သင်္ဘောဖြစ်သည့် USS Porter သည် ရက်ပိုင်းအနည်းငယ်အတွင်း မြေထဲပင်လယ်သို့ ဖြန့်ကြက်လာဖွယ်ရှိကြောင်း သိရသည်။ ရုရှားနှင့် အီရန်အစိုးရတို့သည် ဆီးရီးယား အစိုးရ ဘာရှာအယ်အာ ဆတ်ကို ထောက်ပံ့ကူညီလျက်ရှိကြောင်း အမေရိကန်က စွပ်စွဲပြောဆိုထားပြီး ဧပြီ ၇ ရက်တွင် ဒူမားမြို့၌ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို ၄၈ နာရီ အတွင်း ဆုံးဖြတ် ချက်ချမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားသည်။

ဒူမားမြို့ပေါ်သို့ ဆီးရီးယား စစ်လေယာဉ်များက ကလိုရင်းဓာတ်ငွေ့ဗုံးများ ပစ်ချခဲ့သည်ဟူသော သတင်းများ နှင့် ပတ်သက်၍ ရုရှားနှင့် ဆီးရီးယားအစိုးရက ငြင်းဆိုထားသည်။ အရှေ့ဂူတားဒေသတွင် စစ်သွေးကြွများက ဓာတုလက်နက်ဖြင့် တိုက်ခိုက်မည်ဆိုသောသတင်းကို ရုရှားက ထောက်လှမ်း ရရှိထားကြောင်း ရုရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗောင်းလာရီဂီရာဆီမော့က ပြောသည်။

Read 216 times Last modified on Wednesday, 11 April 2018 13:21