SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အသက် ၁၁၂ နှစ်ရှိ ဂျပန်အမျိုးသားကြီး ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ် မှတ်တမ်း တင်ခံရ

Wednesday, 11 April 2018 13:21 font size decrease font size decrease font size increase font size increase font size

တိုကျို ဧပြီ ၁ဝ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးစီရင်စု၌ နေထိုင်သော အသက် ၁၁၂ နှစ်အရွယ် မာဆာဇို နိုနာကာအမည်ရှိ အမျိုးသားကြီးသည် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်း တင်ခံရကြောင်း သိရသည်။

၁၉ဝ၅ ခုနှစ် ဇူလိုင်လတွင် မွေးဖွားသည့် နိုနာကာသည် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် မှတ်တမ်း တင်ခံရပြီးနောက် လက်ရှိ ၎င်းနေထိုင်ရာ ဇာတိမြေဖြစ်သည့် အာရှော့ရိုမြို့မှ မြို့တော် ဝန်က ဂုဏ်ပြုဆုတစ်ခု နှင့် မွေးနေ့ကိတ်တစ်လုံးဖြင့် ဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်း တစ်ခုက ဖော်ပြသည်။

နိုနာကာသည် အာရှော့ရိုမြို့၌ ၎င်း၏မိသားစုနှင့်အတူ နေထိုင်လျက်ရှိပြီး ရုပ်သံတွင် ထုတ်လွှင့်ပြသသော ဆူမိုနပန်းပွဲအစီအစဉ်များ ကြည့်ရှုရသည်ကို ကြိုက်နှစ်သက်ကာ တေးသီချင်းများ နားထောင် ရသည်ကိုလည်း ကြိုက်နှစ်သက်ကြောင်း ၎င်းကပြောသည်။ နိုနာကာသည် အလွန်အတုယူဖွယ် ကောင်းသည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ၎င်းက လူ့ဘဝသည် မည်မျှတန်ဖိုးရှိကြောင်း လူသားတို့ကို သိရှိေ စသည့်အပြင် အသက်ရှည် အနာမဲ့စွာ မည်ကဲ့သို့ နေထိုင်ရမည်ကိုလည်း သိရှိစေကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဂရေ့ဂလန်ဒေးကပြောသည်။

အဘိုးဖြစ်သော နိုနာကာသည် ကျန်းမာရေး စောင့်ရှောက်မှုလည်း ခံယူရခြင်းမရှိကြောင်း၊ ယခုအချိန်ထိ မှတ်ဥာဏ်ကောင်းမွန်နေဆဲ ဖြစ်သဖြင့် အလွန်ချီးကျူး အံ့သြဖွယ်ကောင်းကြောင်း ၎င်း၏မြေး အကြီးဖြစ်သည့် ခိုခီကူဂိုဟာတာက ပြောသည်။ နိုနာကာသည် တစ်ပတ်လျှင်တစ်ကြိမ် ရေပူစမ်းတွင် အပန်းဖြေရသည်ကို ကြိုက်နှစ်သက်ပြီး ၎င်းထံတွင် ချစ်စရာကောင်းသည့် သွားတစ်ချောင်းတည်း သာ ကျန်တော့ကြောင်း၊ ထို့ပြင် ကိတ်မုန့်ကိုလည်း အလွန်ကြိုက်နှစ်သက်သူ ဖြစ်ကြောင်း ၎င်း၏မြေးမဖြစ်သည့် ယူကိုကပြောသည်။ ထို့အတူ ကာဂိုရှီးမားစီရင်စုတွင် နေထိုင်သော အသက် ၁၁၇ နှစ်ရှိသော နာဘီတာဂျီမာအမည်ရှိ အမျိုးသမီး သည်လည်း ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်း တင်ခံရကြောင်း သိရသည်။

Read 151 times Last modified on Wednesday, 11 April 2018 13:24