SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကာတာသို့ ဒေါ်လာသန်း ၅ဝဝ တန်ဖိုးရှိ ပဲ့ထိန်းဒုံးကျည်များ ရောင်းချရန် အမေရိကန် သဘောတူ

Wednesday, 11 April 2018 14:00 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၁ဝ

မြင့်တက်လာသည့် သံတမန် တင်းမာမှုများကြောင့် ပါရှန်းပင်လယ်ကွေ့ နိုင်ငံအချို့က နောက်ဆုံးပေါ် လက်နက်များကို ဝယ်ယူနေစဉ်အတွင်း အမေရိကန် ပြည်ထောင်စုက ကာတာနိုင်ငံသို့ ဒေါ်လာ သန်း ၅ဝဝ တန်ဖိုးရှိ ပဲ့ထိန်းဒုံးကျည်များကို ရောင်းချရန် သဘောတူလိုက်ပြီဖြစ်သည်။

ကာတာနိုင်ငံသည် ပင်လယ်ကွေ့ဒေသ၌ နိုင်ငံရေး တည်ငြိမ်ရေးအတွက် အရေးပါသည့် အင်အားစုတစ်ခု ဖြစ်သောကြောင့် နိုင်ငံ၏ အစွမ်းထက်ဒုံးကျည်များကို ရောင်းချရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ကာတာသို့ရောင်းချမည့် ဒုံးကျည်များတွင် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် အဆင့်မြင့် ဒုံးကျည်စနစ် (APKWS) ၅ဝဝဝ၊ ပေါက်ကွဲအား ပြင်း ထန်သည့်ထိပ်ဖူး ၅ဝဝဝ တို့ပါဝင်မည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အဆိုပါ ကြေညာချက်ကို ကာတာစော်ဘွား တာမင်ဘင်ဟာ မက်အယ်သာနီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ မတွေ့ဆုံမီ ထုတ်ပြန်ခြင်းဖြစ် သည်။ အယ်သာနီသည် ဧပြီ ၉ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်နှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် ထရမ့် နှင့်ထပ်မံတွေ့ဆုံရန်စီစဉ်ထားသည်။ အမေရိကန် အစိုးရက ကာတာနှင့် တင်းမာနေသည့် ဆော်ဒီအာရေဗျ သို့ ဒေါ်လာနှစ် ဘီလီယံတန်ဖိုးရှိ လက်နက်ခဲယမ်းများကို ရောင်းချရန် အစောပိုင်းတွင် သဘောတူညီ ထားသည်။

Read 251 times Last modified on Wednesday, 11 April 2018 14:04