SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒေါ်လာအစား နိုင်ငံသုံး ငွေကြေးဖြင့် ကုန်သွယ်ရန် စဉ်းစားလာသည့် ရုရှား

Wednesday, 11 April 2018 14:04 font size decrease font size decrease font size increase font size increase font size

အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တင်းမာနေစဉ် ရုရှားအနေဖြင့် မဟာမိတ် နိုင်ငံများဖြစ်သည့် အီရန်၊ တူရကီတို့နှင့် ကုန်သွယ်ရာတွင် ဒေါ်လာငွေကြေးအစား ယင်းနိုင်ငံသုံး ငွေကြေးများကို အသုံးပြု၍ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး အလက်ဇန္ဒားနိုဗက်က ပြောသည်။

ရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက် မဟာမိတ်နိုင်ငံများ အနေဖြင့် ကုန်သွယ်ရာတွင် ၎င်းတို့၏ နိုင်ငံသုံး ငွေကြေး များအား အသုံးပြုရန် လိုအပ်သည်ကို နားလည်သဘောပေါက်ကြောင်း နိုဗက်၏ ပြောဆို ချက်ကို ကိုးကား၍ RT သတင်းဌာနက ဖော်ပြသည်။

ရုရှားနှင့် ကုန်သွယ်ရာတွင် ဒေါ်လာနှင့် ယူရိုငွေကြေးတို့အစား သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးများဖြင့် လုပ်ဆောင်မည့် အစီအစဉ်ကို တူရကီနှင့်အီရန်နိုင်ငံရှိ ဗဟိုဘဏ်များက ပြီးခဲ့သည့်နှစ်တွင် သဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ အလားတူ ကုန်သွယ်မှုများ ထပ်မံချမှတ်နိုင်ရေးအတွက် ရုရှားနှင့် အီရန်အစိုးရတို့သည် လက်ရှိတွင် ဆက်လက်ဆွေးနွေး လျက်ရှိ သည်။ ကုန်သွယ်မှု လုပ်ဆောင်ရာ တွင် နိုင်ငံများ၏ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများ၌ ညှိနှိုင်းပြင်ဆင်ချက် တချို့ကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု နိုဗက်က ဆက်ပြောသည်။

ရုရှားနှင့်အီရန်၊ တူရကီတို့အကြား ဒေါ်လာငွေကြေးအစား အမျိုးသား ငွေကြေးများကို အသုံးပြု၍ ကုန်သွယ် မည့်အစီအစဉ်သည် ပြီးခဲ့သည့် နှစ်နိုဝင်ဘာလတွင် အီရန်သို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် သွားရောက် ခဲ့သည့်ခရီးစဉ်ကြောင့် ပိုမိုရုပ်လုံးပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ပိတ်ဆို့မှုများကို အနိုင်ယူ ကျော်လွှားနိုင်ရေးအတွက် လုပ်ဆော င်ရမည့် အချက်မှာ မိတ်ဖက်ကုန် သွယ်နိုင်ငံများအကြား ကုန်သွယ်ရာတွင် ဒေါ်လာငွေကြေးကို ကျောခိုင်းခြင်းပင် ဖြစ်သည်ဟု အီရန်အစ္စလာမ် မစ်တော်လှန်ရေး ခေါင်းဆောင် အေယာတိုလာ ဆေ ယစ်အလီခါမေနီက သမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေး စဉ် ပြောကြားထားသည်။

အမေရိကန် အစိုးရက နောက်ဆုံးချမှတ်လိုက်သည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် ရုရှား၏ ရူဘယ်ငွေကြေးသည် ဧပြီ ၉ ရက်တွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး အခြေအနေအထိ ထိုးဆင်း သွားသည်။

Read 215 times Last modified on Wednesday, 11 April 2018 14:08