SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် ဈေးကွက်အတွင်းသို့ တင်သွင်းမည့် သွင်းကုန်အခွန် နှုန်းထား တရုတ် လျှော့ချမည်

Wednesday, 11 April 2018 14:08 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် တရုတ်ဈေးကွက်သို့ တင်သွင်းမည့် သွင်းကုန်အချို့အပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားများကို လျှော့ချသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၁ဝ ရက်တွင် ပြောသည်။

အခွန်လျှော့ချမည့် သွင်းကုန်များတွင် မော်တော်ယာဉ်နှင့် အခြားကုန်ပစ္စည်းများ ပါဝင်ကြောင်း သမ္မတရှီက အာရှ Boao ဆွေးနွေးပွဲတွင် ပြောသည်။ တရုတ်အစိုးရ အနေဖြင့် နိုင်ငံအတွင်း မြင့်တက် လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရေးနှင့် သွင်းကုန်မြှင့်တင်ရေးအတွက် သွင်းကုန်တင်သွင်းခြင်းကို တိုးမြှင့်မည်ဖြစ်သည်။ ပြည်တွင်းရှိ ဝယ်လိုအားသည် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအ တွက် အထောက်အကူ ပြုနေသည့် အဓိက မောင်းနှင်အားနှင့် နိုင်ငံသားတို့၏ ပိုမိုကောင်းမွန်သော လူနေမှုဘဝတို့အတွက် အရေးကြီးကြောင်း ရှီကဆိုသည်။

ထို့ပြင် တရုတ်အစိုးရသည် နိုင်ငံအတွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံမည့် ပြည်ပစီးပွားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် ဆောင်ရွက်ချက် အချို့ကို အကောင်အထည်ဖော် ဆောင် မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ ဈေးကွက်အတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး ကဏ္ဍများတွင် ဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး၊ လေယာဉ်ပျံ တည်ဆောက် ထုတ်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။

အာရှ Boao ဆွေးနွေးပွဲကို ၂ဝဝ၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခြင်းဖြစ်ပြီး ယခုနှစ် ဆွေးနွေးပွဲအား ဧပြီ ၈ ရက်တွင် စတင်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ အာရှနိုင်ငံများကြား ညှိနှိုင်းဆောင်ရွက် ရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ အခြား ဒေသတွင်းရှိနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် စီးပွားရေး ဆက်ဆံ မှုများကို တိုးမြှင့်ရန်၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားကိစ္စရပ်များအား ဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးရန်တို့ပင် ဖြစ်သည်။

Read 295 times Last modified on Wednesday, 11 April 2018 14:11