SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကိုရီးယား ကျွန်းဆွယ်နှင့် ကမ္ဘာ့ အခြေအနေများကြောင့် ရုရှားနှင့် ကောင်းမွန်သည့် ဆက်ဆံရေး လိုအပ်ဟု မြောက်ကိုရီးယားဆို

Wednesday, 11 April 2018 14:11 font size decrease font size decrease font size increase font size increase font size

မော်စကို ဧပြီ ၁ဝ

ကိုရီးယားကျွန်းဆွယ်နှင့် ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနှင့်ကောင်းမွန်သည့် ဆက်ဆံရေးကို လိုအပ်လျက်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီဟုန်ဟိုက ဧပြီ ၁ဝ ရက်တွင်ပြောသည်။

ရီသည် လက်ရှိတွင် ရုရှားသို့ရောက်ရှိနေပြီး နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား ဖြစ်ပေါ်နေသည့် တင်းမာမှု များနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် တွေ့ဆုံဆွေးနွေးထားသည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့အနေဖြင့် ၎င်းတို့နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်မည်ဟု မျှော်လင့်ကြောင်း ရီကသတင်းထောက်များကို ပြောသည်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ကျင်းပရန်စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြောက်ကိုရီးယားမှ ထိပ်တန်း အရာရှိကြီးများသည် မကြာမီ ရက်သတ္တပတ် အတွင်း နိုင်ငံတကာ ခရီးစဉ်များကို အရေးတကြီး သွားရောက်လျက်ရှိစဉ် ရီ၏ရုရှားခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အလားတူ ကင်သည် ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံသို့ မ ထင်မှတ်ဘဲ သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေးသည်။ အဆိုပါခရီးစဉ်သည် ခေါင်းဆောင်ကင် အာဏာရရှိသည့် ၂ဝ၁၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် သွားရောက်သည့် ပြည်ပ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

Read 199 times Last modified on Wednesday, 11 April 2018 14:12