SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အယ်ဂျီးရီးယား စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၂၅၇ ဦးသေဆုံး

Thursday, 12 April 2018 12:31 font size decrease font size decrease font size increase font size increase font size

အယ်ဂျီးယား ဧပြီ ၁၁

အယ်ဂျီးရီးယားနိုင်ငံ၌ ဧပြီ ၁၁ ရက်တွင် စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၅၇ ဦးသေဆုံးကြောင်း ဒေသတွင်း သတင်းဌာနက ပြောသည်။ လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသူများတွင် ခရီးသည် ၂၄၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁ဝ ဦး ပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ သို့သော် လေယာဉ်ပျက်ကျမှု အတွင်း အသက်ရှင်ကျန်ရစ်သူ ရှိ မရှိကိုမူ ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

သို့ရာတွင် သေဆုံးသူ အများစုမှာ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်ကြောင်း တာဝန်ရှိသူများ၏ တရားဝင် ပြောဆိုချက်ကို ကိုးကား၍ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန ဖြစ်သည့် Ennahar က နောက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ လေယာဉ်သည် စစ်ဘက် တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာခြင်း ဖြစ်ပြီး အယ်ဂျီးယားမြို့ပြင်ရှိ လေတပ်စခန်း တစ်ခုမှ ပျံတက်ပြီးမကြာမီ ပျက်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုလေယာဉ် အမျိုးအစားသည် Ilyushin II-76 အမျိုးအစား လေယာဉ်ဖြစ်ကြောင်း စစ်ဘက်သတင်း အရင်းအမြစ်တစ်ခုက AFP သတင်းဌာနသို့ပြောသည်။ ယင်းလေယာဉ်သည် နိုင်ငံအနောက် တောင်ပိုင်းရှိ တင်ဒုမြို့သို့ မောင်းနှင်လာစဉ် ပျက်ကျခြင်းဖြစ်သည်။ ရုပ်မြင်သံကြား သတင်းများတွင် ဖော်ပြချက်အရ လေယာဉ်သည် ကားလမ်းတစ်ခု အနီး၌ ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျရာ နေရာမှ မီးခိုးများနှင့် အတူလေယာဉ်အမြီးကို တွေ့မြင်ရကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အယ်ဂျီးရီးယား လေတပ်မှ လော့ဟိ C-130 ဟာကျူလီ လေယာဉ်သည် နိုင်ငံအရှေ့ပိုင်းရှိ တောင်ကုန်းတောင်တန်း ထူထပ်သော ဒေသ၌ ပျက်ကျမှု ဖြစ်ပွားရာ ခရီးသည် ၇၇ ဦးသေဆုံးပြီး တစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။

Read 242 times Last modified on Thursday, 12 April 2018 12:31