SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကင်ဂျုံအွန်-ဒေါ်နယ်ထရမ့် ထိပ်သီးဆွေးနွေးပွဲ ချောမွေ့စေရေးအတွက် မြောက်ကိုရီးယားသို့ သွားရောက်သည့် စီအိုင်အေ အကြီးအကဲ၏ လျှို့ဝှက် ခရီးစဉ်

Thursday, 19 April 2018 09:25 font size decrease font size decrease font size increase font size increase font size

မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့၏ ထိပ်သီးဆွေးနွေးပွဲ အဆင်ပြေ ချောမွေ့စေရေးအတွက် စီအိုင်အေ ညွှန် ကြားရေးမှူး မိုက်ပွန်ပီယို သည် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။ ထရမ့်၏ ယုံကြည်အားထားရဆုံး လူယုံတစ်ဦးဖြစ်သည့် ပွန်ပီယိုသည် မြောက်ကိုရီးယားသို့ အထူးသံတမန်အဖြစ် သွားရောက်ခြင်းဖြစ်ပြီး ၏အဓိက ရည်ရွယ်ချက်မှာ မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ ခေါင်းဆောင်နှစ်ဦးကြား ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲအတွက် အုတ်မြစ်ချပေးရန် ဖြစ်သည်။ မြောက်ကိုရီးယားသို့ ပွန်ပီယိုသွားရောက်သည့် ခရီးစဉ်သည် ထရမ့်က ကိုအမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ် ရန် အဆိုပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်အစိုးရသည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ သံတမန်ရေးအရ တွေ့ဆုံ ဆွေးနွေးကာ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ကြိုးပမ်းသည့် အခြေအနေတွင် ရှိနေပြီးအဆိုပါရလဒ် ကောင်းများကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် အမေရိကန် ပြည်ထောင်စုက အရေးတကြီးလိုအပ်နေသည်ဟု လည်း ပြောဆိုမှုများရှိနေသည်။ ယင်းအချက်ကို ပွန်ပီယိုက အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့မှောက်၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင်ပြုလုပ်သော ကြားနာစစ်ဆေးမှု၌ အတည်ပြုထား သည်။ ပွန်ပီယိုသည် ၏ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံကာ စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အကြား၂ဝဝဝ ပြည့်နှစ်မှစ၍ ပထမဆုံး ကျင်းပသည့် အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။

ပွန်ပီယို၏ အဆိုပါ အစီအစဉ်ကို တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဆူးဟွန်းနှင့် မြောက်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ ကင်ယုံချိုတို့က စီစဉ်ပေးခြင်းဖြစ်သည်။ ထိုသို့စီစဉ်ပေးရ သည့် ရည်ရွယ်ချက်သည် မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်အပေါ် ကင်ဂျုံအွန်ကမည်ကဲ့သို့ သဘောထားသည်ကို လေ့လာ အကဲဖြတ်ရန် ဖြစ်သည်ဟု အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ ပွန်ပီယို၏ခရီးစဉ်နှင့် ပတ်သက်၍ တောင်ကိုရီး ယားနှင့် မြောက်ကိုရီးယား အစိုးရတို့က သတင်း ထုတ်ြ ပန်ခြင်း မရှိသော်လည်း အမေရိကန် အစိုးရက နောက်ပိုင်းမှသာ ထုတ်ပြန်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည်လက်ရှိတွင် နျူကလီးယား ကင်းမဲ့စေရေး လုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု ပွန်ပီယိုက မြောက်ကိုရီးယားသို့ သွားရောက်ပြီးနောက် သတင်းများ ထွက်ပေါ်လာသည်။ ထို့ပြင်ကင်သည် ထရမ့်နှင့်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲအပေါ် လေးလေးနက်နက် သဘောထားသည်ဟု အမေရိကန်အစိုးရက ယူဆရန် အခြေအနေများ ထွက်ပေါ် လျက်ရှိနေသည်။

အမေရိကန် အစိုးရသည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း မရှိသော်လည်း အမေရိကန် အရာရှိကြီးများသည် ယခင်ကမြောက်ကိုရီးယား အစိုးရနှင့် ဆက်သွယ်ရန်အတွက် သံတမန် နည်းလမ်းအများအပြားကို အသုံးပြုခဲ့ရသည်။ တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားနှင့် သံတမန်ရေး ဆွေးနွေးရန်အတွက် ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို အသုံးပြုခဲ့သည်။ တောင်ကိုရီးယား အစိုးရ၏ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်ကို လက်ခံသည့် အနေဖြင့် မြောက်ကိုရီးယားက တို့၏ အားကစား သမားများကို တောင်ကိုရီးယားသို့ စေလွှတ်ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံအကြား တင်းမာမှုများမှာ ယခင်ထက် လျော့ကျလာသည့်အပြင် ဆက်ဆံရေးမှာ ပိုမိုနွေးထွေးလာသည်။ ဆွေးနွေးပွဲများတွင် မြောက်ကိုရီးယား ပါဝင်လာခြင်းအပေါ် အမေရိကန်သမ္မတ ထရမ့်ကကြိုဆိုထားပြီး တောင်နှင့် မြောက်ကိုရီးယားတို့အကြား စစ်ပွဲကို အမှန်တကယ် အဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ထရမ့်က မျှော်လင့်နေသည်။ အကြောင်းမှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေသည်ဟု အမေရိကန် အစိုးရက သဘောထားသော ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် အမေရိကန်၏ ပြဿနာ ရပ်ကိုဖြေရှင်းခြင်းမဟုတ်ကြောင်း၊ ဂျပန် သို့မဟုတ် မည်သည့်နိုင်ငံ တစ်နိုင်ငံ၏ ပြဿနာရပ်ကို ဖြေရှင်းခြင်း မဟုတ်ကြောင်း၊ တစ်ကမ္ဘာလုံး၏ ပြဿနာရပ်ကို ဖြေရှင်းခြင်းဖြစ်ကြောင်း ထရမ့်က ပြောခြင်းဖြစ်သည်။

ထရမ့်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ယခုနှစ်ဇွန်လတွင်တွေ့ဆုံရန် သဘောတူထားသည်။ ယခုမြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ပွန်ပီယို၏ လျှို့ဝှက်ခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ခဲ့ဖွယ် ရှိသည်ဟု ယူဆ ရပြီး အထူးသဖြင့် တောင်ကိုရီးယားနှင့် ဂျပန်တို့အတွက် ထူးခြားကောင်းမွန်သည့် ခရီးတစ်ခုလည်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

Read 156 times Last modified on Thursday, 19 April 2018 09:40