SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အဓမ္မကျင့် သတ်ဖြတ်ခံရသူ၏ အမည်ကို ဖော်ပြသော သတင်းဌာနများ ရူပီးတစ်သန်း စီနစ်နာကြေး ပေးရန် အိန္ဒိယ တရားရုံး အမိန့်ချမှတ်

Thursday, 19 April 2018 09:40 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဧပြီ ၁၈

အိန္ဒိယနိုင်ငံ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် အသက်ရှစ်နှစ်ရှိ မိန်းကလေးတစ်ဦး၏ အမည်ကို ဖော်ပြခဲ့ သော သတင်းဌာန ၁၂ ခုကို သတင်းဌာနတစ်ခုလျှင် ရူပီးတစ်သန်း နစ်နာကြေးပေးရန် အိန္ဒိယတရားရုံး တစ်ရုံးက ဧပြီ ၁၈ ရက်တွင် အမိန့်ချမှတ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ဥပဒေအရ လိင်အကြမ်းဖက်ခံရသူ အနေဖြင့် သေဆုံးခဲ့သည့် တိုင်အောင် အမည်းစက်မထင် ကျန်ခဲ့စေရန် တို့၏ အမည်များကို သတင်းများ၌ ဖော်ပြခွင့်မပြုပေ။ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော မိန်းကလေးငယ်၏အမည်ကို ဖော်ပြခဲ့သည့် သတင်းဌာနများအနေဖြင့် လိင်အကြမ်းဖက်ခံရသော မိန်းကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဌာနသို့ တစ်ပတ်အတွင်း သတ်မှတ် ထားသော နစ်နာကြေးပမာဏကို ပေးရန် နယူးဒေလီတရားရုံးချုပ်က အမိန့်ချမှတ်သည်။

အဆိုပါဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရမည်ဖြစ်သည်။ ယခုဖြစ်စဉ်၌ အဓမ္မကျင့်သတ် ဖြတ်ခံရသော ကလေးငယ်မှာ ကက်ရှမာပြည်နယ် ဂျမူးမြို့မှဖြစ်ပြီး တရားရုံးက သတင်း ဌာနများကို အမိန့်မချမီ သတင်းဌာနများစွာက ကလေးငယ်၏ အမည်ကိုဖော်ပြ၍ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မိန်းကလေးငယ်မှာ ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးလည်း တိုက်ကျွေးခံရကာ ငါးရက်တိတိ အဓမ္မပြု ကျင့်ခံရပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်သည်။ သတင်းမှာ အိန္ဒိယနိုင်ငံ၏ သတင်းစာ၊ ဂျာနယ်များ၌ ခေါင်းကြီး ပိုင်း သတင်းအနေဖြင့် ဖော်ပြခံရသည်။

သတင်းဌာနအများစုက ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ဓာတ်ပုံများကို ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံ တစ်ဝန်း၌ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သူများက အဆိုပါ မိန်းကလေးငယ် ၏ဓာတ်ပုံများ ရိုက်နှိပ်ထားသော နဖူးစည်းများဖြင့် ဆန္ဒပြခဲ့ကြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အမျိုးသမီးရေးရာအေဂျင်စီမှ အမှုဆောင် ညွှန်ကြားရေးမှူး ဖန်ဇိုင်း မယ်လမ်ဘို-နျူကူကာက ပြစ်တင်ရှုတ်ချ ထားပြီး လိင်အကြမ်းဖက်မှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူရန် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ ကို တိုက်တွန်းထားကြောင်း သိရသည်။

Read 160 times Last modified on Thursday, 19 April 2018 09:41