SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရုရှား ဝေဟင်ပိုင်နက်တွင် အမေရိကန် လေကြောင်းလိုင်းများ ပျံသန်းခွင့်ပြုရေး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု

Thursday, 19 April 2018 09:41 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၁၈

ရုရှားဝေဟင်ပိုင်နက်တွင် အမေရိကန် လေကြောင်းလိုင်းများ ပျံသန်းခွင့်ပြုရေးအတွက် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဌာနနှင့် သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ပြီဖြစ်ကြောင်း အမေရိကန် လေကြောင်း ကုမ္ပဏီကြီး တစ်ခုက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် လေကြောင်းလိုင်းများ အနေဖြင့် သတ်မှတ်ထားသည့် ရာသီအတွင်း ရုရှားလေဆိပ်များသို့ ပြေးဆွဲခွင့်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ကို ရရှိပြီးဖြစ်သည့်အ တွက် အမေရိကန်လေကြောင်းကုမ္ပဏီများ အနေဖြင့် ရုရှားဝေဟင်ပိုင်နက်အတွင်း သာမန်ပျံသန်း ပြေးဆွဲမှုများကို ဆက်လက် လုပ်ဆောင်နိုင်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ပြောသည်။

အမေရိကန် လေကြောင်းလိုင်းများသည် အစောပိုင်းတွင် ရုရှားနှင့်အမေရိကန်တို့အကြား လေကြောင်း ပျံသန်းရေး သဘောတူညီချက် ပြန်လည်စေ့စပ်ညှိနှိုင်းရန်အတွက် သတ်မှတ်ထားသော အချိန် ကာလ မကုန် ဆုံးမီ ရုရှားဝေဟင်ပိုင်နက်ကို လမ်းကြောင်းပြောင်းလဲ ပျံသန်းခဲ့ရကြောင်း သိရသည်။ အမေရိကန် လေကြောင်းလိုင်းများ ပျံသန်းရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဂျွန်ဟန့်စမန်းက ရုရှားအစိုးရနှင့် နောက်ဆုံးပိတ် ဆွေးနွေးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟယ်သာနူအာ့က ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှားလေကြောင်း ပျံသန်းရေးအဖွဲ့မှ အရာရှိကြီးများသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ခံကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်း တွင် အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ ဖျက်သိမ်းမှုသည် အမေရိကန် ပြည်ထောင်စု ဦးဆောင်ပြီး ဆီးရီးယားကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက်ပိုင်း ထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်တွင် လေကြောင်းမှ တိုက်ခိုက် မှုကြောင့် ရုရှားအနေဖြင့် အမျက်ဒေါသ ထွက်ခဲ့ရကြောင်း သိရသည်။

Read 111 times Last modified on Thursday, 19 April 2018 09:44