SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်၌ လေထု ညစ်ညမ်းမှုကို လေထု သန့်စင်စက်ကြီးများဖြင့် ဖြေရှင်းမည်

Thursday, 19 April 2018 11:49 font size decrease font size decrease font size increase font size increase font size

ရှီအန်း ဧပြီ ၁၈

တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုကို ဖြေရှင်းနိုင်ရန် ထူးခြားသော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း၊ မီးခိုးမြူများ ဖုံးလွှမ်းနေသည့် မြို့လယ်တွင် စက်ရုံများ၏ မီးခိုးခေါင်းတိုင် ပမာဏရှိသည့် လေထုသန့်စင်စက် ကြီးများကိုထားရှိခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

ရှန်းရှီးပြည်နယ်မြောက်ပိုင်းရှိ စက်ရုံများမှ တလူလူ ထွက်လာသည့် မီးခိုးလုံးများကို ရှီအန်းမြို့တော် ဆင်ခြေ ဖုံးအရပ်တွင် မီတာ ၆ဝ အမြင့်ရှိ လေထုသန့်စင်စက်က သန့်စင်စေမည်ဖြစ်သည်။ စက်ရုံမီးခိုးခေါင်းတိုင်များတွင် လေထုသန့်စင်စက်များ တပ်ဆင်ပါက တစ်နေ့လျှင် ညစ်ညမ်းသည့် လေထုပမာဏ ကုဗမီတာ ၅ သန်းမှ ၁၈ သန်းအထိ သန့်စင်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ Thecover.cn ဝက်ဆိုက်၏ ဖော်ပြချက်အရ သိရ သည်။

ထို့ပြင် လေထုညစ်ညမ်းစေသည့် အမှုန်ဏ PM 2.5 ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝက်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါအမှုန်သည် နှလုံးရောဂါ၊ လေသင်တုန်းရောဂါနှင့် အဆုတ်နှင့် ဆိုင်သော ရောဂါများ ကိုဖြစ်ပွားစေနိုင်သည်။ ၂ဝ၁၆ ခုနှစ် ဇွန်လတွင် တည်ဆောက်ခဲ့သော အဆိုပါ လေထုသန့်စင်စက်ကို ယခု အခါ စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။ ယင်းကဲ့သို့သော လေထု သန့်စင်စက်များစွာကို မြို့တော်တစ်ဝန်းတွင် တည်ဆောက်ရန် သုတေသီများက မျှော်လင့်ထားသည်။

စတုရန်းကီလိုမီတာ ၁ဝဝဝ အကျယ်ရှိသည့် ရှီအန်းမြို့တော်၌ လေထု သန့်စင်စေရန် အဆိုပါ လေထုသန့်စင် စက်မျိုး အခု ၁ဝဝ တည်ဆောက်ရမည်ဖြစ်ကြောင်း တရုတ်သိပ္ပံ ဘာသာရပ်ဆိုင်ရာ ကျောင်းမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင် ကောင်ဂျွန်ဂျီက ပြောသည်။ အဆိုပါ လေထုသန့်စင်စက် တည်ဆောက်မှုရလဒ်မှာ အလွန်ကောင်းကြောင်း ကဆက်ပြော သည်။ တရုတ်အစိုးရသည် ၂ဝ၁၄ ခုနှစ် တွင် လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားမည်ဟု ၂ဝ၁၄ ခုနှစ်တွင် ကတိပြုထားသည်။

Read 247 times Last modified on Thursday, 19 April 2018 11:52