SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထိုင်းနိုင်ငံ၌ နှစ်သစ်ကူး ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၄၁ ဦး သေဆုံး

Thursday, 19 April 2018 11:52 font size decrease font size decrease font size increase font size increase font size

ဘန်ကောက် ဧပြီ ၁၈

ထိုင်းနိုင်ငံ၌ ရိုးရာနှစ်သစ်ကူး ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာလူ ၄၁၈ ဦးသေဆုံး ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းအောင် ပြုလုပ်ထားသော်လည်း ယာဉ်မတော်တဆမှုများမှာ ပို၍ မြင့်တက်လာခြင်းဖြစ်သည်။ ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် အဆိုပါနှစ် သစ်ကူး အားလပ်ရက် ကာလအတွင်း ယာဉ်မတော်တဆမှု ၃၇၂၄ မှု ဖြစ်ပွားရာ လူ ၄၁၈ ဦး သေဆုံးခြင်းဖြစ်သည်။

ယခုသေဆုံးမှုသည် ပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ကာလအတွင်း လူ ၁၉ဝ သေဆုံးမှုထက်ပို၍ မြင့်တက်လာကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။ ယာဉ်မတော်တဆမှုတွင် ၂၇ ဒသမ ၆၉ ရာခိုင်နှုန်းသည် ယာဉ်မောင်းနှင်ရာတွင် သက်မှတ်နှုန်းထက်ကျော်လွန်၍ မောင်းနှင်ခြင်းကြောင့် မတော်တဆမှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း လက်ထောက်ပြည်ထဲရေးဝန်ကြီး ဆူတီမာ့ဘွန်းက ပြောသည်။

ယခုဧပြီလ၌ ထိုင်းနှစ်သစ်ကူးပွဲတော် ကာလအတွင်း မိသားစုသူငယ်ချင်းများနှင့် လည်ပတ်သူများ အနေဖြင့် ယာဉ်မတော်တဆမှုကြောင့် အသေအပျောက် ဖြစ်ပွားမှုကို လျှော့ချရန်အတွက် ဆိုင် ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် ယာဉ်မောင်းနှင်စဉ် အရက်သေစာ မသောက်သုံးရန် အစိုးရက တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

ရိုးရာအစဉ်အလာအရ နှစ်ဟောင်းအညစ်အကြေးများကို သန့်စင်အောင် ဆေးကြောသည့် အဆိုပါနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ထိုင်းလူမျိုးများက နှစ်စဉ်နှစ်တိုင်းကျင်းပခြင်းဖြစ်သည်။ သို့သော် မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများဖြင့် ပျော်ရွှင်စွာ ရေပက်ကစားသူများသည် ရေကစားခြင်းထက် ရေဖြင့် တိုက်ခိုက်ခံရ သကဲ့သို့ဖြစ်နေခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်ြး ဖစ်သည်။

ယခုနှစ်တွင် သင်္ကြန်ပွဲတော်ကာလအတွင်း စည်းကမ်းရှိစွာ ယာဉ်မောင်းနှင်ရန်နှင့် လမ်းစည်းကမ်းများကို လိုက်နာရန် အစိုးရက ဘေးအန္တရာယ်ကင်းရှင်းစေမည့် သတိပေးချက်များကို ထုတ်ပြန် ထားကြောင်း သိရသည်။

Read 181 times Last modified on Thursday, 19 April 2018 11:56