SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အင်ဂျင်ပေါက်ကွဲသွားသည့် ခရီးသည်တင် လေယာဉ်ကို ရေတပ် အမျိုးသမီး လေယာဉ်မှူးဟောင်းက လေဆိပ်သို့ ဘေးအန္တရာယ် ကင်းကင်းဖြင့် ပြန်လည် ဆင်းသက်

Thursday, 19 April 2018 11:56 font size decrease font size decrease font size increase font size increase font size

ဖီလာဒဲဖီးယား ဧပြီ ၁၈

အမေရိကန်ရေတပ်မှ အမျိုးသမီးလေယာဉ်မှူးဟောင်း တစ်ဦးသည် အင်ဂျင်ပေါက်ကွဲသွားသည့် ခရီးသည် တင် လေယာဉ်တစ်စင်းကို လေဆိပ်သို့ ဘေးအန္တရာယ် ကင်းကင်းဖြင့် ဆင်းသက်နိုင် ခဲ့ကြောင်း သိရသည်။

အသက် ၅၆ နှစ်ရှိ တမ်မီဂျိုးရှက်သည် ဧပြီ ၁၇ ရက်တွင် ဘိုးအင်း ၇၃၇-၇ဝဝ အမျိုးအစားခရီးသည်တင် လေယာဉ်ကို မောင်းနှင်လာစဉ် လေယာဉ်၏ အင်ဂျင်နှစ်လုံးအနက် တစ်လုံးမှာ မြေပြင် အထက်ပေ ၃၂ဝဝဝ တွင်ပေါက်ကွဲသွားခြင်းဖြစ်သည်။ ဆောက်သဝက်လေကြောင်းလိုင်းပိုင် အဆိုပါ ခရီးသည်တင် လေယာဉ်ပေါ် တွင် ခရီးသည် ၁၄၄ ဦး လိုက်ပါလာပြီး အင်ဂျင်တစ်လုံး ပေါက်ကွဲ မှုကြောင့် ခရီးသည်တစ်ဦး သေဆုံးသွားသည်။ ထို့ပြင်ပေါက်ကွဲမှုအတွင်း လေယာဉ်တောင်ပံထိန်းချုပ်ရေး အစိတ်အပိုင်းမှာ လွင့်ထွက်သွား ကြောင်း တမ်မီဂျိုးရှက်က လေကြောင်းထိန်းချုပ်ရေးစင်တာ သို့ သတင်းပို့ပြီးနောက် ဖီလာဒဲဖီးယား နိုင်ငံ တကာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခြင်းဖြစ်သည်။ ယခုကဲ့သို့အင်ဂျင် ပေါက်ကွဲသွားသည့် လေယာဉ် ကို လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသ က်နိုင်ခြင်းသည် ကောင်းစွာ လေ့ကျင့်ထားသည့် ကျွမ်းကျင်လေယာဉ် မှူးများသာလုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်ဖြစ်သည်ဟု အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းရေး ဘုတ်အဖွဲ့ မှဥက္ကဋ္ဌ ရောဘတ်ဆမ်းဝေါ့က သတင်းထောက်များအား ပြောသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ၏ အမည်များကိုမူ လေကြောင်းလိုင်းက ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။ တမ်မီဂျိုးရှက်သည် နယူးမက္ကဆီကို ဇာတိဖြစ်ကာ ကန်ဆက်ပြည်နယ်၌ ဆေးဝါးကုသမှု ပညာရပ်ကို သင်ယူခဲ့ပြီးနောက် လေတပ်သို့ ဝင်ရောက်အမှုထမ်းရန် လျှောက်ထားခဲ့သော်လည်း ငြင်းဆိုခံရသည်။ ထို့နောက် ရေတပ်လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် သည်တိုက်လေယာဉ်များကို မောင်းနှင်ပျံသန်းသည့် ပထမဆုံးသော အမျိုးသမီး လေယာဉ်မှူးတစ်ဦးဖြစ်လာပြီး နည်းပြအဖြစ်တာဝန် ထမ်းဆောင်ပြီးေ နာက် ဆောက်သဝက်လေကြောင်းလိုင်းတွင် လေယာဉ်မှူးအဖြစ် အသက်မွေးရန် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း သိရသည်။

Read 197 times Last modified on Thursday, 19 April 2018 11:59