SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အိန္ဒိယနိုင်ငံ၌ မင်္ဂလာဆောင်သို့ သွားသည့်ကား တံတားအောက်သို့ ထိုးကျ၊ ၂၁ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရ

Thursday, 19 April 2018 11:59 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဧပြီ ၁၈

အိန္ဒိယနိုင်ငံ၌ မင်္ဂလာဆောင်သို့ သွားသည့်ကားတစ်စီး တံတားအောက်သို့ ထိုးကျမှု ဖြစ်ပွားရာ လူ ၂၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင် ပြောသည်။

လူ ၄ဝ ကျော် တင်ဆောင်လာသော အဆိုပါကားသည် ဧပြီ ၁၇ ရက်နှောင်းပိုင်းတွင် မက်ဒီယာပရာဒက် ပြည်နယ်အလယ်ပိုင်းရှိ တံတားတစ်ခု၏ လက်ရန်းကို ဝင်တိုက်ပြီး အောက်ဘက်မီတာ ၂ဝ ရှိ ခြောက်သွေ့နေ သော မြစ်ကြမ်းပြင်သို့ ထိုးကျသွားကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုသည် ပြည်နယ်၏မြို့တော် ဘိုပယ်မြို့မှ ကီလိုမီတာ ၅၆ဝ အကွာ၌ ဖြစ်ပွားခြင်း ဖြစ်ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိကြောင်းနှင့် တို့အနက် အများစုသည် စိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း ဆစ်ဟီခရိုင် ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်အဖွဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယာဉ်မတော်တဆ ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

ယာဉ်မတော်တဆ ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသော်လည်း ကားမောင်းသူသည် ကားကိုအလျင် အမြန်မောင်းနှင်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရဲအရာရှိ ရှာမာကပြောသည်။ အိန္ဒိယနိုင်ငံ သည် ကမ္ဘာတွင် လူအသေအပျောက်အများဆုံး ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာနိုင်ငံဖြစ်ပြီး နှစ်စဉ် လူအ သေအပျောက် ထိခိုက်ဒဏ်ရာရရှိသည့် ယာဉ်မတော်တဆမှု နှစ်သိန်းကျော် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Read 103 times Last modified on Thursday, 19 April 2018 12:02