SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲက နျူကလီးယား၊ ဒုံးကျည်စမ်းသပ်မှုနှင့် ဖမ်းဆီးခံ ဂျပန်ဓားစာခံများ ပြန်လွတ်ရေး လမ်းဖွင့်ပေးနိုင်မည်ဟု အာဘေး မျှော်လင့်

Friday, 20 April 2018 09:10 font size decrease font size decrease font size increase font size increase font size

တိုကျို ဧပြီ ၁၉

အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား မကြာမီကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည် နျူကလီးယားနှင့် ဒုံးကျည်ဆိုင်ရာ ကိစ္စရပ်များအပြင် မြောက်ကိုရီးယားက ဖမ်းဆီးထားသည့် ဂျပန်ဓားစာခံ များ ပြန်လည် လွတ်မြောက်စေရေးအတွက် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

မြောက်ကိုရီးယား အရေးနှင့် စပ်လျဉ်း၍ ဂျပန်အစိုးရသည် အမေရိကန် သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်ကြောင်း၊ မကြာမီ ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ သည် သမိုင်းတွင်မည့် တွေ့ဆုံပွဲကြီးဖြစ်လာပြီး ဖမ်းဆီးခံဂျပန်နိုင်ငံသားများ ပြန်လည် လွတ်မြောက်ရေးအတွက် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဧပြီ ၁၈ ရက်နှောင်းပိုင်းတွင်ထရမ့်နှင့် အတူ ကျင်းပသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ အာဘေးကပြောသည်။

ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်တန့်စေရေးအတွက် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရအဖွဲ့တို့က ပူးပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အာဘေးသည်လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိနေပြီး သမ္မတထရမ့်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပြင် မကြာမီကျင်းပမည့် အမေရိကန် -မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပွားနေသည့် တင်းမာမှုများသည် ပြီးခဲ့သည့်လများအတွင်း သိသိသာသာ လျော့ကျလာပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ယခုလ ၂၇ ရက်တွင် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ယင်းနောက် အမေရိကန် သမ္မတ ထရမ့်နှင့် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်သည်။

Read 102 times Last modified on Friday, 20 April 2018 09:15