SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သဘာဝ ဓာတ်ငွေ့ အခြေပြုသည့် စီးပွားရေးနိုင်ငံအဖြစ် အသွင်ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေသည့် အိန္ဒိယ

Friday, 20 April 2018 09:15 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံသည် သဘာဝဓာတ်ငွေ့ အခြေပြုသည့် စီးပွားရေးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး အမေရိကန်အစိုးရထံမှ အထောက်အပံ့ရယူနိုင်ရန် ယင်းနိုင်ငံအစိုးရနှင့် ပူးပေါင်းကာ အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ပူးတွဲဖွဲ့စည်းလိုက်သည်။

အဆိုပါ ပူးတွဲအထူးလုပ်ငန်း အဖွဲ့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ အိန္ဒိယစွမ်းအင် ကဏ္ဍတွင် သဘာဝ ဓာတ်ငွေ့အသုံးပြုမှုပမာဏကို တိုးမြှင့်ရန်ဖြစ်သည်။ ထို့ပြင် အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့သည် သဘာဝဓာတ်ငွေ့ရည် (LNG) ပိုက်ဖြင့်သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ (PNG) နှင့်မြို့တော် ဓာတ် ငွေ့ထောက်ပံ့ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တိုးချဲ့နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိသည်။ ယင်းသို့ ကြိုးပမ်းလုပ်ဆောင်ရေး သဘောတူညီချက်ကို နယူးဒေလီမြို့၌ ယခုရက်သတ္တပတ်တွင် ကျင်းပသည့် အမေရိကန်-အိန္ဒိယမဟာဗျူဟာမြောက် စွမ်းအင် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ ပထမဆုံး အစည်းအဝေးတွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ အသစ်ဖွဲ့စည်းလိုက်သည့် ပူးတွဲအထူးလုပ်ငန်း အဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ဧပြီ ၂၃ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။

အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှပ်စစ်မီးနှင့် စွမ်းအင်ဖူလုံရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုစသော အဓိက ဒေါက်တိုင်ကြီး လေးခုတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။ ထို့ပြင် နှစ်နိုင်ငံအကြား လုပ်ဆောင်နေသည့် စွမ်းအင် ကုန်သွယ်မှုကို တိုးမြှင့်ကာ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ေ ရး အပါအဝင် အိန္ဒိယ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍအများအပြား၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဟု အိန္ဒိယ စွမ်းအင်ဝန်ကြီး ဒါမန်ဒရာပရာဒန်ကပြောသည်။ အလားတူ အမေရိကန် ကုမ္ပဏီများသည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အရန်ရေနံပမာဏ ထိန်းသိမ်းရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေ လျက်ရှိသည်။ မဟာဗျူ ဟာမြောက် အရန်ရေနံပမာဏ ထိန်းသိမ်းရေးတွင် ပထမဦးဆုံးပါဝင်ခဲ့သည့် နိုင်ငံမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ခြောက်လအတွင်း အမေရိကန် ပြည်ထောင်စုမှ LNG နှင့်အတူ ရေနံစိမ်းပီပါ ၁၂ သန်းခန့်ကို တင်သွင်းထားသည်။

Read 225 times Last modified on Friday, 20 April 2018 09:21