SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တစ်ကမ္ဘာလုံးတွင် ဒုတိယ အမြန်ဆုံး ဖြစ်လာနိုင်သည့် ဖိလစ်ပိုင်၏ စီးပွားရေး တိုးတက်မှု

Friday, 20 April 2018 09:21 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် အရှေ့တောင်အာရှတွင် အမြန်ဆုံးနှင့် တစ်ကမ္ဘာလုံးတွင် ဒုတိယမြောက် အမြန်ဆုံး ဖြစ်လာမည်ဟု မျှော်မှန်းရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF မှထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်စီးပွားရေးသည် ပြည်ပနိုင်ငံများမှ စီးပွားရေးဂယက် ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်းကြောင့် နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP တိုးတက်မှုသည် ယခုနှစ်အတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာပြီးလာမည့် ၂ဝ၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု IMF ကခန့်မှန်းထားသည်။ အဆိုပါ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်သည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများ အနက် အမြင့်မားဆုံး တိုးတက်မှုဖြစ်သည်ဟု ယင်းအဖွဲ့ကြီးက ပြောသည်။

ဖိလစ်ပိုင် စီးပွားရေးတိုးတက်မှုနှင့် စပ်လျဉ်း၍ IMF ကနောက်ဆုံးထုတ်ပြန်သည့် ခန့်မှန်းချက်သည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ယခုနှစ်စီးပွားရေးတိုးတက်မှုနှုန်းသည် ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပြီး အိန္ဒိယ၏ နောက်၌ ရပ်တည်နေသည်။ လာမည့်နှစ်တွင် အိန္ဒိယ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု IMF ကခန့်မှန်းဖော်ပြထားသည်။

ထို့ပြင် ဗီယက်နမ်၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီးလာမည့် ၂ဝ၁၉ ခုနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်း ထားသည်။ IMF ကထုတ်ပြန်သည့်စီးပွားရေး ခန့်မှန်းချက်အရ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့်မလေးရှားတို့ပါဝင် သည့် ASEAN-5 အဖွဲ့၏ ယခုနှစ်စီးပွားရေး တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး လာမည့်နှစ်တွင်မူ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားသည်။

ဖိလစ်ပိုင်၏ စီးပွားရေး တိုးတက်မှုမြန်ဆန်ရခြင်းမှာ ပြည်တွင်းဝယ်လိုအား များပြားမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု IMF ကဆိုသည်။ ထို့ပြင် ယခုနှစ်နှင့် လာမည့်နှစ် များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုသည် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိခြင်းကြောင့် ယင်းသို့စီးပွားရေး တိုးတက် လာခြင်းသည် ဖိလစ်ပိုင်၏ ပို့ကုန်ကဏ္ဍ၊ ငွေလွှဲပြောင်းမှုဆိုင်ရာ ကဏ္ဍများအတွက် ကောင်းမွန်သည့် အနေ အထားတစ်ရပ်ကိုပါ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း IMF မှဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောသည်။

Read 207 times Last modified on Friday, 20 April 2018 09:24