SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မေလတွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် အမေရိကန် အသင့်ရှိ

Friday, 20 April 2018 09:24 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၁၉

အမေရိကန် အစိုးရသည်မေလတွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် အသင့်ရှိသည်ဟု အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဘော့ကော်ကားကပြော သည်။ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်မှ သမ္မတထရမ့်က လုံးဝနုတ်ထွက်သွားမည်ဖြစ်ကြောင်း ဘော့ကော်ကားက ဆက်ပြောသည်။ အရှေ့အလယ်ပိုင်းဒေသ၌ အီရန် ၏အပြုအမူများပြောင်းလဲလာခြင်းနှင့် ပတ်သက်၍ ယင်းနိုင်ငံအပေါ် ဖိအားပေးရေးအတွက် ဥရောပရှိ လုပ် ဖော်ကိုင်ဖက်နိုင်ငံများက အမေရိကန်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ဘော့ကော်ကားက ဧပြီ ၁၈ ရက်တွင်ပြောသည်။ ၎င်းသည် အီရန်ကိုဆန့်ကျင်သည့် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး မေ ၁၂ ရက်အထိ ပြောင်းလဲမှုတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် အဆိုပါ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုထားသည်။

အဆိုပါနျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ သမ္မတထရမ့်နှင့် ဆွေးနွေးရန် ပြင်သစ်သမ္မတ အီမန် နျူယယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ်အိန်ဂျဲလာမာကယ်တို့က ယခုလအကုန်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုသို့လာမည် ဖြစ်ကြောင်း သိရသည်။ အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်နိုင်ရေး အတွက် အီရန်နှင့်ကမ္ဘာ့ အင်အားကြီး ခြောက်နိုင်ငံတို့ကြား သဘော တူညီချက် တစ်ရပ်ကို ၂ဝ၁၅ ခုနှစ်တွင် လက်မှတ်ထိုးခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်သည် အမေရိကန် ပြည်ထောင်စု ပါဝင် လက်မှတ်ထိုးသည့် သဘောတူညီချက်များ အနက် အဆိုးရွားဆုံး သဘောတူစာချုပ် ဖြစ်သည်ဟု ထရမ့်က ပြောထားပြီး ယင်းသဘော တူညီချက်မှ နုတ်ထွက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားကြောင်း သိရသည်။

Read 212 times Last modified on Friday, 20 April 2018 09:26