SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်နိုင်ငံ၌ အိုင်အိုယာမာ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

Friday, 20 April 2018 11:21 font size decrease font size decrease font size increase font size increase font size

တိုကျို ဧပြီ ၁၉

ဂျပန်နိုင်ငံ၌ ဧပြီ ၁၉ ရက်တွင် အိုင်အိုယာမာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးခိုးလုံးများနှင့် ကျောက်သား များကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်ကြောင်း သိရသည်။

တာဝန်ရှိသူများသည် မီးတောင်သို့သွားရာလမ်းများကို ချက်ချင်း ပိတ်လိုက်သော်လည်း မီးတောင်ပေါက်ကွဲမှု ကြောင့် သေကျေဒဏ်ရာရရှိသူစာရင်းကို ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံ ကျူရူး ကျွန်းတောင်ပိုင်း၌ တည်ရှိသည့် အမြင့် ၁၂၉၈ မီတာရှိသော အဆိုပါ အိုင်အိုယာမာမီးတောင်ပေါက်ကွဲမှု သည်ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ ဖြစ်ပွားသော မီးတောင်ပေါက်ကွဲမှုများတွင် နောက်ဆုံး ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလတွင်ဖြစ်ပွားသော မီးတောင်ပေါက်ကွဲမှုတွင် လူတစ်ဦးသေဆုံးသည်။ တိုကျိုမြို့မှ ၉၈၅ ကီလိုမီတာ အကွာ ကီရီရှီးမာဒေသရှိ အဆိုပါမီးတောင်ပေါက်ကွဲမှုမှ မီးခိုးလုံးများမှုတ်ထုတ်မှုကို ရုပ်မြင်သံကြား သတင်းဌာနတစ်ခုမှ ထုတ်လွှင့်ပြသကြောင်း သိရသည်။ အိုင်အိုယာမာမီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ကျောက်ခဲများသည် မီးတောင်အထက် ၂ ကီလိုမီတာအထိရောက် ရှိသည့်အတွက် သတိပေးချက်အဆင့် ၅ ဆင့်ရှိသည့်အနက် အဆင့် ၂ မှ အဆင့် ၃ သို့ တိုးမြှင့်ထားကြောင်း သိရသည်။

Read 112 times Last modified on Friday, 20 April 2018 11:23