SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သမုဒ္ဒရာရေအောက် အအေးလွန်ကဲမှုကြောင့် ဂျပန်ကမ်းရိုးတန်းလွန်ရှိ သန္တာကျောက်တန်းများ ပျက်စီး

Friday, 20 April 2018 11:23 font size decrease font size decrease font size increase font size increase font size

တိုကျို ဧပြီ ၁၉

တစ်မူထူးခြားသော ရေအေးများကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်၌ တည်ရှိသော ကမ္ဘာ့မြောက်ပိုင်းစွန်းရှိ သန္တာကျောက်တန်းအချို့ ပျက်စီးခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၈ ရက်တွင် ပြောသည်။

ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မကြာသေးမီ လပိုင်းအတွင်း သန္တာကျောက်တန်းများကို လေ့လာကြည့်ရာ သန္တာကျောက်တန်း နေရာခြောက်ခု၌ ၉ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင် နှုန်းအထိ ထိခိုက်နေပြီး အရောင်ကျွတ်နေသည်ကို တွေ့ရကြောင်း သိရသည်။

သုတေသီများလေ့လာခဲ့သည့် သန္တာကျောက်တန်းများအနက်မှ လေးခုသည် ၉၅ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရုံးခွဲမှ တောခေါင်းတစ် ဦးဖြစ်သည့် ယူတို တာကာဟာရှီက ပြောသည်။ သန္တာကျောက်တန်းများ ပျက်စီးရသည့် အဓိက အကြောင်းရင်းမှာ ဆောင်းရာ သီကာလအတွင်း ရေအောက်အပူချိန် အလွန်အမင်း ကျဆင်းမှုကြောင့် ဖြစ်ကြောင်းနှင့် ကူရိုရှီအိုမြစ်ရေ စီးကြောင်း ကွေ့ကောက်လာသောကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကူရိုရှီအိုမြစ်ရေစီးကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် သိပ္ပံပညာရှင်များသည် ၁၉၆၅ ခုနှစ်မှစတင်၍ သန္တာကျောက်တန်းများ အရောင် လွင့်ပြယ်ခြင်းဖြစ်စဉ်ကို ခြောက်ကြိမ်တိုင်တိုင် လေ့လာကြည့်ရာ ပြီးခဲ့သည့် နွေရာသီတွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း သိရသည်။

Read 203 times Last modified on Friday, 20 April 2018 11:27