SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်က နိုင်ငံ အရှေ့တောင်ပိုင်း၌ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကျည်စစ်ကျည်မှန် အသုံးပြု စစ်ရေး လေ့ကျင့်

Friday, 20 April 2018 11:27 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၁၉

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များက ဒုံးကျည်များ ပစ်ခတ်မှု ပါဝင်သည့် ကျည်စစ်ကျည်မှန်အသုံးပြု စစ်ရေးလေ့ကျင့်ခန်း တစ်ခုကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်း၌ ပြုလုပ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဧပြီ၁၉ ရက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၁၈ ရက်တွင် ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးမျိုးသော တိုက်ခိုက်ရေး ရဟတ်ယာဉ်များပါဝင်ကာ ပင်လယ်ပြင်၌ လေတပ်၏ ရာသီမရွေး စစ်ဆင်နိုင်စွမ်းကို စမ်းသပ်သည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် Xinhua သတင်းဌာနက ဖော်ပြထားသည်။

သို့သော် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြား၌ ပြုလုပ်ခဲ့ခြင်းဟုတ်၊ မဟုတ်ကို အတိအလင်း ဖော်ပြထားခြင်းမရှိပေ။ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနတစ်ခုဖြစ်သည့် CCTV သတင်းဌာန ကလည်း ပင်လယ် ပြင်အတွင်း ကွာဝေးသောနေရာရှိပစ်မှတ်များကို ရဟတ်ယာဉ်များက ဒုံးကျည်များဖြင့် ပစ်ခတ်နေမှုများကို ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

တရုတ်ပြည်မကြီး ကမ်းရိုးတန်းအလွန်ရှိ သတ်မှတ်ထားသော ဧရိယာအတွင်း ရေယာဉ်များ ခုတ်မောင်းခြင်း မပြုရန် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က သတိပေးချက် ထုတ်ပြန်ထား သည်။ အဆိုပါစစ်ရေး လေ့ကျင့်မှုသည် တရုတ်(တိုင်ပေ)သမ္မတ ဆိုင်ယင်းဝမ်၏ ဆွာဇီလန်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်နှင့် လည်းတိုက်ဆိုင်နေသည်။ တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ၎င်းတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု အဖြစ်သာသတ်မှတ်ထားပြီး နိုင်ငံအဖြစ် အသိအမှတ် ပြုထားခြင်းမရှိပေ။ ထို့ကြောင့် အမေရိကန် ပြည် ထောင်စုက တရုတ်(တိုင်ပေ)သို့ စစ်လက်နက် ပစ္စည်းများ ရောင်းချမှုကိုလည်း တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ ထို့ပြင် တရုတ်ရေတပ်သည် မကြာသေးမီကလည်း နိုင်ငံ၏တစ်ခုတည်းသော လေယာဉ်တင် သင်္ဘောပါဝင် သည့် စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ထိုင်ဝမ်ရေလက်ကြား၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read 169 times Last modified on Friday, 20 April 2018 11:30