SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နှစ်စဉ်ကျင်းပမြဲဖြစ်သော အမေရိကန်နှင့် ဖိလစ်ပိုင် စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်ရန် ဂျပန်နှင့် သြစတြေးလျတို့ကို ဖိတ်ခေါ်ထား

Friday, 20 April 2018 11:30 font size decrease font size decrease font size increase font size increase font size

မနီလာ ဧပြီ ၁၉

နှစ်စဉ်ကျင်းပမြဲဖြစ်သော အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ (၃၄) ကြိမ်မြောက် စစ်ရေးလေ့ကျင့်ခန်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ရန် အခြားနိုင်ငံများကိုပါ ဖိတ်ခေါ်ထားပြီး စစ်ရေးလေ့ကျင့်ခန်းကို တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ရန်အတွက် မဟာမိတ်နိုင်ငံများဖြစ်သော သြစတြေးလျနှင့် ဂျပန်နိုင်ငံမှ တပ်ဖွဲ့ဝင်များကို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းနှင့် မေ ၇ ရက်တွင်စတင်မည့် ယင်းစစ်ေ ရးလေ့ကျင့်ခန်းကို လူဇွန်ကျွန်းပေါ်ရှိ နေရာဒေသပေါင်းစုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း မနီလာမြို့ရှိ အမေရိကန်သံရုံးက ဧပြီ ၁၉ ရက်တွင် အစီရင်ခံစာ တစ်စောင်၌ ပြောသည်။

ဖိလစ်ပိုင်နှင့်အမေရိကန်တို့သည် အစွန်းရောက်တို့၏ တိုက်ခိုက်မှုများ၊ သဘာဝ ဘေးအန္တရာယ်များ အပါအဝင် ကြုံတွေ့လာနိုင်သည့်အန္တရာယ်များကို တုံ့ပြန်ရန်အတွက် အသင့်အနေအထားဖြစ်စေ ရန် နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်ကြောင်း သိရသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ထိခိုက်ခံစားရသည့် အကျိုးဆက် လျော့ပါးစေရန်အတွက် ပြုလုပ်သောလေ့ကျင့် ခန်းကို လေ့လာစောင့်ကြည့်ရန် ဗြိတိန်နိုင်ငံမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်။

ရက်သတ္တနှစ်ပတ်ကြာကျင်းပမည့် ယင်းစစ်ရေး လေ့ကျင့်ခန်းတွင် ကာကွယ်ရေး၊ အကြမ်းဖက် တိုက်ခိုက် ချေမှုန်းရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးနှင့် သဘာဝ ဘေးအန္တရာယ်ကျ ရောက်ပြီးနောက် ဒေသခံများ သက်သာချောင်ချိရေးတို့ကို အဓိကထား လေ့ကျင့်မည်ဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ စစ်သည်များသည် မနီလာမြို့တော်မြောက်ပိုင်းရှိ ပြည်နယ်ကြီးလေးခုတွင် စာသင်ကျောင်းများကို ပြုပြင်တည်ဆောက် ပေးထားပြီး ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများ၌ အထွေထွေရောဂါ ကုသရေးဌာနနှင့် သွားနှင့်ခံတွင်း ဆေးပေးခန်းများကိုလည်း ထားရှိပြီးဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

၎င်းနိုင်ငံလေးနိုင်ငံသည် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်စဉ်အတွင်း သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေးကို ဆောင်ရွက်မည်ဖြစ်ပြီး ကျည်စစ်ကျည်မှန်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

Read 129 times Last modified on Friday, 20 April 2018 11:33