SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဆက်လုပ် မည်ဟု ဖိလစ်ပိုင် ရဲချုပ် ကတိပြု

Saturday, 21 April 2018 09:14 font size decrease font size decrease font size increase font size increase font size

မနီလာ ဧပြီ ၂ဝ

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို တစ်ကမ္ဘာ လုံးက ရှုတ်ချ နေကျသော်လည်း ယင်း လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း အသစ်ခန့်အပ် လိုက်သည့် ရဲချုပ် အော်စကာ အယ်ဘာယယ်ဒီက ဧပြီ ၂ဝ ရက်တွင် ကတိပြု ပြောဆိုသည်။

ရဲချုပ်သည် ဧပြီ ၁၉ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လွန်ခဲ့သော နှစ်နှစ်ခန့်က စတင် ခဲ့သည့် ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဦးဆောင်မည် ဖြစ်သည်။ ထိရောက်မှု ရှိသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို မည်သည့် အကြောင်းနှင့်မျှ ရပ်ပစ်မည် မဟုတ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂ဝ၁၇ ခုနှစ်တွင် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးကို မူးယစ်ဆေးဝါး သားကောင်ဟု သံသယ ရှိမှုဖြင့် မှားယွင်း သတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဖိလစ်ပိုင် နိုင်ငံ၌ လမ်းလျှောက် ဆန္ဒပြမှုများ ဖြစ်ပေါ် ခဲ့သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ် အတွင်း မူးယစ် သားကောင်ဟု ယူဆ ရသူ၁၃ ဦးကို သတ်ခဲ့ကြောင်းနှင့် ၅၈ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂ဝ ရက်တွင် ကြေညာ သည်။

ဥရောပသမဂ္ဂ လွှတ်တော်၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး လုပ်ငန်းစဉ်ကို အပြစ်တင် ထားခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင် အစိုးရက ၎င်းဆုံးဖြတ်ချက် မူကြမ်းကို ဝေဖန်နေစဉ် အယ်ဘာယယ်ဒီက ယခုကဲ့သို့ အခိုင်အမာ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင် အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အကြောင်းပြု၍ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေမှုကို ရပ်တန့် သင့်ကြောင်း ဥရောပ သမဂ္ဂမှ ဥပဒေပြု လွှတ်တော်အမတ်များက တောင်းဆို ထားသည်။

Ref: AFP

Read 168 times Last modified on Saturday, 21 April 2018 09:22