SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား အရေးပေါ် ဆက်သွယ်ရေး လိုင်းဖွင့်လှစ်

Saturday, 21 April 2018 09:22 font size decrease font size decrease font size increase font size increase font size

ဆိုး ဧပြီ ၂ဝ

ကိုရီးယား နှစ်နိုင်ငံသည် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအွန်တို့ အကြား ဆက်သွယ် ပြောဆိုနိုင်မည့် အရေးပေါ် ဆက်သွယ်ရေး လိုင်းများ ကို ဧပြီ ၂ဝ ရက် တွင် ဖွင့်လှစ် လိုက်သည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီး ဆွေးနွေးပွဲကို နှစ်နိုင်ငံ နယ်စပ်ရှိ စစ်မဲ့ဇုန်၌ ကျင်းပရန် စီစဉ် ထားပြီး အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ ရက်သတ္တပတ် အလိုတွင် အရေးပေါ် ဆက်သွယ်ရေး လိုင်းများကို ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အထူး အရေးပေါ် ဆက်သွယ်ရေး လိုင်းသည် ဆိုးမြို့ရှိ သမ္မတ မွန်ဂျေးအင်၏ မြောက်ကိုရီးယား နိုင်ငံ ဆိုင်ရာရုံး နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ရုံးထိုင်သည့် နိုင်ငံတော်ရေးရာ ကော်မရှင်ရုံး တို့ကြား ဆက်သွယ် ပေးမည် ဖြစ်သည်။

ယင်းအရေးပေါ် ဆက်သွယ်ရေး လိုင်းမှ တစ်ဆင့် အပြန်အလှန် စမ်းသပ် ပြောဆိုမှုကို ၄ မိနစ် နှင့် ၁၉ စက္ကန့်ကြာ လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ လိုင်း ဆက်သွယ်မှုသည် ချောမွေ့ပြီး ဆက်သွယ်ရေး ပြောဆိုမှု အရည်အသွေးမှာ ကောင်းမွန်မှု ရှိကြောင်း တောင်ကိုရီးယား သမ္မတရုံး မှ တာဝန်ရှိသူ ယုံကွမ်ယောင်က ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ အတွက် ဖွင့်လှစ်သည့် အရေးပေါ် ဆက်သွယ်ရေး လိုင်းသည် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပသည့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှ စတင် ခဲ့သော သံခင်းတမန်ခင်း တိုးတက်လာမှု၏ နောက်ဆုံး ရလဒ်ဖြစ်သည်။

မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့သည် ဧပြီ၂၇ ရက်တွင် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား တတိယအကြိမ် အဖြစ် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှ တစ်ဆင့် နှစ် နိုင်ငံ ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး နိုင်ရန် တောင်ကိုရီးယား အစိုးရက ကြိုးပမ်း သွားမည်ဟု မွန်ဂျေးအင်က ပြောထားကြောင်း သိရသည်။

Ref: Reuters

Read 169 times Last modified on Saturday, 21 April 2018 09:38