SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

TPP တွင် ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေး သည့် အရှေ့ တောင် အာရှ အဖွဲ့ဝင် နိုင်ငံများ ညှိနှိုင်းမှု လုပ်ဆောင်ရန် အင်ဒိုနီးရှား တိုက်တွန်း

Saturday, 21 April 2018 11:24 font size decrease font size decrease font size increase font size increase font size

ဂျကာတာ ဧပြီ ၂ဝ

ပစိဖိတ် ဖြတ်ကျော် မိတ်ဖက် စီးပွားရေး သဘော တူညီချက် (TPP)တွင် ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် အရှေ့တောင် အာရှ နိုင်ငံများ အနေဖြင့် ယင်း သဘော တူညီချက်တွင် ပါဝင်ရေး အတွက် ညှိနှိုင်းမှု လုပ်ဆောင် ကြရန် အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး အန်ဂါတီယက် စတိုလူ ကီတာက ဧပြီ၂ဝ ရက်တွင် တိုက်တွန်း လိုက်သည်။

အကယ်၍ လက်မှတ်ထိုးခြင်း မရှိသေးသည့် နိုင်ငံများ အနေဖြင့် TPP တွင် ပါဝင်ရန် စဉ်းစား မည် ဆိုပါက ပါဝင် လက်မှတ် ထိုးနိုင်မည့် သတ်မှတ်ချက် များကို နိုင်ငံများ အနေဖြင့် စုပေါင်း စေ့စပ် ဆွေးနွေး နိုင်မည် ဖြစ်ကြောင်း လူကီတာက ဆိုသည်။

TPP တွင် ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေး သည့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် ခြောက်နိုင်ငံ တွင် အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့ ပါဝင်သည်။ ကျန်အဖွဲ့ဝင် လေးနိုင်ငံ ဖြစ်သည့် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်း တို့မှာ TPP တွင် အဖွဲ့ဝင် နိုင်ငံများ အဖြစ် လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း သိရ သည်။

အင်ဒိုနီးရှား နိုင်ငံသည် TPP အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင် လက်မှတ် ရေးထိုးရန် ဆန္ဒ ရှိသည်ဟု သမ္မတ ဂျိုကို ဝီဒိုဒိုက ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ပြီး သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံစဉ် ပြောဆို ခဲ့သည်။

သို့ရာတွင် လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက အဆိုပါ သဘောတူညီချက်မှ နုတ်ထွက် ပြီးနောက် အင်ဒိုနီးရှား နိုင်ငံသည် TPP အဖွဲ့ဝင် ဖြစ်လာရေး ကြိုးပမ်းမှုကို ရပ်ဆိုင်းကာ အဖွဲ့ဝင်အဖြစ် လက်ရှိ ပါဝင်နေသည့် နှစ်နိုင်ငံ အကြား အဖွဲ့အစည်းများ နှင့် နိုင်ငံစုံ အဖွဲ့အစည်း များတွင်သာ အာရုံစိုက် လုပ်ဆောင် နေကြောင်း သိရသည်။

Ref: Reuters

 

Read 149 times Last modified on Saturday, 21 April 2018 11:36