SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ္ဘာ့ လူဦးရေ ၉၅ ရာခိုင်နှုန်း ကျော်က ညစ်ညမ်းသည့် လေများ ရှူရှိုက် နေရ

Saturday, 21 April 2018 12:05 font size decrease font size decrease font size increase font size increase font size

ဘော့စတွန် ဧပြီ ၂ဝ

ကမ္ဘာပေါ်ရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်း ကျော်သည် ကမ္ဘာ့  ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ် ထားသော အရည်အသွေးထက် ဆိုးဝါးသည့် ညစ်ညမ်းသော လေများကို ရှူရှိုက် နေရကြောင်း ယခု ရက်သတ္တပတ် အတွင်း ထုတ်ပြန်သော လေ့လာမှု တစ်ရပ် အရ သိရ သည်။

လေထု ညစ်ညမ်းမှု ကြောင့် လူ ၆ ဒသမ ၁သန်း သေဆုံး မည်ဟု ခန့်မှန်း ထားပြီး ၂ဝ၁၆ခုနှစ် တွင် ၁၁ ရာခိုင်နှုန်း သေဆုံး ခဲ့ကြောင်း ကျန်းမာရေး အကျိုးဆက် ဆိုင်ရာ အဖွဲ့အစည်းက ဖော်ပြ ထားသော ၂ဝ၁၈ ခုနှစ် ၏ ကမ္ဘာလုံး ဆိုင်ရာ နှစ်စဉ် လေထု အစီရင်ခံစာ အရ သိရ သည်။

လေထု ညစ်ညမ်းမှုတွင် အမှုန်များ နှင့် ဓာတ်ငွေ့များ ရောနှော နေပြီး လေထု ညစ်ညမ်းမှု ဖြစ်စေသည့် အမှုန်တစ်ခု ဖြစ်သော PM2.5သည် လူများကို အစောဆုံး သေဆုံး စေနိုင်သည့် ခြောက်ခုမြောက် အန္တရာယ် အများဆုံး အမှုန်အဖြစ် သတ်မှတ် ထားကြောင်း လေ့လာမှု အရ သိရ သည်။

ကမ္ဘာ ကျန်းမာရေး အဖွဲ့အစည်းက လေထု ၁ ကုဗမီတာ အတွင်း PM2.5 အမှုန် ၁ဝ မိုက်ခရို ဂရမ် ပါဝင်မှု အတွက် နှစ်စဉ် လေထု အရည်အသွေး လမ်းညွှန် ချက်ကို ထုတ်ပြန် ထားသည်။

ထုတ်ပြန်ချက် အရ ကမ္ဘာ့ လူဦးရေ ၆ဝရာခိုင်နှုန်း နီးပါးက အနည်းဆုံး လိုအပ်သည့် ကောင်း မွန်သော လေထု အရည်အသွေး မရှိသည့် ဒေသများတွင် နေထိုင်ရကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်တွင် နှစ်စဉ် ပျမ်းမျှ PM2.5 အများဆုံး တည်ရှိမှုမှာ မြောက်နှင့် အနောက် အာဖရိ ကဒေသ နှင့် အရှေ့ အလယ်ပိုင်း ဒေသတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်ရပ် အရ သိရ သည်။

Ref: Xinhua

 

Read 197 times Last modified on Saturday, 21 April 2018 12:06