SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ၌ ရဟတ်ယာဉ် ပျက်ကျ တစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရ

Saturday, 21 April 2018 12:06 font size decrease font size decrease font size increase font size increase font size

ဂျကာတာ ဧပြီ ၂ဝ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ဆူလာဝေဆီ ပြည်နယ်၌ ဧပြီ ၂ဝ ရက်တွင် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားရာ လိုက်ပါ လာသူများ အနက် ကိုးဦး ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးကြောင်း တာဝန်ရှိ သူများက ပြောသည်။

ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် စာရင်းအရ ဒဏ်ရာ ရရှိသူ ကိုးဦး အနက် ခြောက်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူ ဘမ်ဘန်း အာဗန်က တယ်လီဖုန်းဖြင့် Xinhua သတင်းဌာနသို့ ပြောသည်။

အဆိုပါ မတော်တဆမှု အတွင်း PT IMIP ရဟတ်ယာဉ် ကုမ္ပဏီမှ အလုပ်သမား တစ်ဦး သေဆုံးခြင်း ဖြစ်ပြီး လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနှင့် ယင်းကုမ္ပဏီမှ အခြားအလုပ်သမား တစ်ဦး ဒဏ်ရာရရှိကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူဂရိုဟိုက ပြောသည်။ ၎င်းရဟတ်ယာဉ် သည် ကုမဏ္ပီမှ ပျံသန်း ထွက်ခွာပြီးနောက် အခြေစိုက်ရာ နေရာသို့ ပြန်လှည့် လာခဲ့ကြောင်း နှင့် မြေပြင်ပေါ်သို့ ဆင်းသက် ရပ်နားရန် ကြိုးပမ်းနေစဉ် အလုပ်သမားနှစ်ဦးကို ဝင်တိုက်မိရာမှ မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါ အလုပ်သမား နှစ်ဦးအနက် တစ်ဦးမှာ သေဆုံး သွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာ ရရှိကြောင်း ဆူတိုပိုက ဆက်ပြော သည်။

မတော်တဆ မှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် တရုတ်နိုင်ငံသား ခြောက်ဦး အပါအဝင် လေယာဉ် မှူး၊ တွဲဖက် လေယာဉ်မှူး တို့ကို မာရိုဝါလီ အထွေထွေ ဆေးရုံသို့ မပြောင်းရွှေ့ ပေးမီ ဆေးကုသမှု ခံယူရန် အတွက် PT IMIP ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရ သည်။

 

Read 176 times Last modified on Saturday, 21 April 2018 12:14