SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများရပ်ဆိုင်းမည့် မြောက်ကိုရီးယား၏ထုတ်ပြန်မှု တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်ကြိုဆို

Sunday, 22 April 2018 11:07 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၂၁

မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်နေသည့် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများ ရပ်ဆိုင်း မည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်၏ ထုတ်ပြန်ကြေညာမှုကို တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ကြိုဆိုလိုက်ကြောင်း သိရသည်။

ဧပြီ ၂၁ ရက်မှ စတင်အသက်ဝင်လာသည့် မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်သည် စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာကို အာရုံစိုက်လာခြင်း ဖြစ်သောကြောင့် တရုတ်အစိုးရအနေဖြင့် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်သည် ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ အခြေအနေကို ပိုမိုတိုးတက်လာ စေသည့်အပြင် တင်းမာမှုများကို လျော့ပါးစေပြီး နျူကလီးယားကင်းမဲ့ရေးကို မြှင့်တင်ခြင်းပင်ဖြစ်သည်ဟု ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် များစမ်းသပ်မှုကို ရပ်ဆိုင်းမည့် မြောက်ကိုရီးယား ခေါင်းဆောင် ၏ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တောင်ကိုရီးယားအစိုးရနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးတို့ကလည်း ကြိုဆိုထားကြောင်း သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် မြောက်ကိုရီးယား၏ သဘောထားပျော့ပျောင်း တိုးတက်လာမှုကိုပြသသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ရှင်ဇိုအာဘေးက ပြောသည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု ရပ်ဆိုင်းခြင်းကို သက်သေပြသည့်အနေဖြင့် နိုင်ငံမြောက်ပိုင်းရှိ နျူကလီးယားစမ်းသပ်သည့် စခန်းတစ်ခုကို ပါပိတ်သိမ်းမည် ဟု ကင်ဂျုံအွန် က ဧပြီ ၂၁ ရက်အစောပိုင်းတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

Read 120 times Last modified on Sunday, 22 April 2018 11:09