SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သက်ငယ်မုဒိမ်းမှုကို သေဒဏ်ချမှတ်မည့် ဥပဒေ အိန္ဒိယအစိုးရအတည်ပြု

Sunday, 22 April 2018 11:09 font size decrease font size decrease font size increase font size increase font size

မွမ်ဘိုင်း ဧပြီ ၂၁

အိန္ဒိယနိုင်ငံအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော လိင်အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် သက်ငယ် မုဒိမ်းကျူးလွန်သူကို သေဒဏ်ချမှတ်မည့် ဥပဒေကို အိန္ဒိယအစိုးရအဖွဲ့က ဧပြီ ၂၁ ရက်တွင် အတည်ပြု လိုက်ကြောင်းသိရသည်။

အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်း စီရင်ချက်နှင့် ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်ရန် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို အရေးပေါ် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုသည် နိုင်ငံရေးကိစ္စဖြစ်လာကြောင်းနှင့် အမျိုးသမီးများကို လိင်အကြမ်းဖက်မှုနှင့် ကာကွယ်စောင့်ရှောက်မှု လျော့နည်းခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမှုများပေါ်ပေါက်လာ ကြောင်း သိရသည်။

အိန္ဒိယပြည်သူများစွာသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများအား ကာကွယ်မှုမပေးနိုင်ခြင်းနှင့် ပတ်သက်၍ မိုဒီ၏အစိုးရအဖွဲ့ကို ပြည်သူများက အပြစ်တင်ဝေဖန်ပြီး လာမည့်နှစ်တွင်ကျင်းပမည့် အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် လက်ရှိအာဏာရ (BJP) ပါတီကိုဖိအားပေးနေကြောင်း သိရသည်။

Read 150 times Last modified on Sunday, 22 April 2018 11:13