SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကုန်သွယ်ရေးတင်းမာမှုများက အာရှနိုင်ငံများကို ထိခိုက်စေနိုင်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ သတိပေး

Sunday, 22 April 2018 11:13 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၂၁

လက်ရှိတွင်မြင့်တက်နေသည့် ကုန်သွယ်ရေးတင်းမာမှုများသည် အာရှနိုင်ငံများကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တာဝန်ရှိသူတစ်ဦးက သတိပေးသည်။

မကြာသေးမီက ထွက်ပေါ်လာသည့် သွင်းကုန်အပေါ် ထပ်ဆောင်းအခွန်ကောက်ခံမှုများနှင့် ကြေညာချက် များသည် ပွင့်လင်းသည့် ဒေသတစ်ခုဖြစ်သော အာရှဒေသရှိနိုင်ငံများအပေါ် ကျိန်းသေထိခိုက်စေမည်ဟု IMF အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ချန်ယုံရီးက ဧပြီ ၂ဝ ရက်တွင်ပြောသည်။ အာရှဒေသ သည် ကမ္ဘာ့စီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်ပြီး တစ်ကမ္ဘာလုံး၏ စီးပွားရေးတိုးတက်မှုတွင် အာရှဒေသ မှ ၆ဝ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း၊ အာရှဒေသ၏ ၂ဝ၁၈ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် အောက်တိုဘာလတွင် ခန့်မှန်းထားသည့် တိုးတက်မှုထက် သုည ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်လာကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှုများကို နိုင်ငံပေါင်းစုံက စည်းမျဉ်းကို အခြေခံသည့် စနစ်ကို အသုံးပြုကာ ပါဝင်ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားလာပါက အနိုင်ရရှိသူ မရှိကြောင်း ချန်ယုံရီးကဆိုသည်။

Read 139 times Last modified on Sunday, 22 April 2018 11:14